မဲခေါင်၊ ဇူလိုင် ၂၄
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကို စစ်ကူသွားတဲ့ Loikaw Local PDF ကို ဒေသခံတွေက မနေ့ (ဇူလိုင် ၂၃)ရက်မှာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ပါတယ်။
လွိုင်ကော်မြို့ မိုင်းလုံးနဲ့ပန်းကန်ရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ဖြစ်တဲ့တိုက်ပွဲတွေကို စစ်ကူသွားချိန် ဒေသခံတွေက အခုလိုကြိုဆိုခဲ့တာလို့ ဆိုပါတယ်။
Loikaw Local PDF ဟာ လွိုင်ကော်ဒေသခံ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပထမဆုံးအကြိမ်သင်တန်းကို ဇူလိုင် ၂၀ ရက်မှာ ဆင်းထားပါတယ်။



အဲ့ဒီ့ ပထမဆုံးအကြိမ် သင်တန်းမှာ ရဲဘော် ၄၅ ယောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်း၊ အမိန့်နာခံနိုင်မူ၊ စစ်ရေးကျွမ်းကျင် ပိုင်နိုင်မူတို့ကို အလေးထား သင်ကြားပေးခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေကလည်း အလေးအနက်ထား သင်ယူခဲ့တယ်လို့ ဆိုပါတယ်။
Loikaw Local PDF အနေနဲ့ အင်းအားများ တိုးချဲ့ နေခဲ့ပြီး မဟာမိတ် တပ်များနှင့်အတူ တော်လှန်ရေး အမြစ်ပြတ်သည်အထိ တိုက်ပွဲ ဝင်သွားမယ်လို့ ဆိုပါတယ်။








