စစ်ရေးသတင်း

စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင် ငွေလိမ်လည်မှုတွေ ကြုံနေရ

မဲခေါင် 23 Jul - 2024
ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၃

ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

မနေ့ ဇူလိုင် ၂၂ ရက်မှာ မိသားစုတစ်စုဟာ ကျောက်မဲကနေ စစ်ဘေးရှောင်ဖို့ကားကြိုတင်စီစဉ်ရာကနေ ကားသမားအယောင်ဆောင်ပြီး ငွေလိမ်လည်သွားလို့ ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ကနေ စစ်ရှောင်ချင်လို့ ကားငှားစီးတာမှာ ကားခကြိုတင်တောင်းခံပြီး လာမကြိုမှ လိမ်လည်သွားတာသိရတဲ့ ကာယကံရှင်မိသားစုကတော့ “ပြည်သူတွေ ဒီလောက်ဒုက္ခရောက်နေတာကို ကားသမားအယောင်ဆောင်ပြီး ပိုက်ဆံလိမ်ပြီး ဒုက္ခပေးသွားပါတယ်”လို့ ဖွင့်ဟ ပြောလာပါတယ်။

ဇူလိုင်လ ၂၁ ရက် နေ့ ညနေ ၄း၂၅ မှာ ဖုန်းဆက်ပြီး လူ ၅ ယောက်စာအတွက် ၁ ယောက်ကို ကျပ် ၂ သိန်းခွဲနဲ့ ငွေကြိုတင်ပေးရမယ်ဆိုလို့ Kpay နဲ့ ငွေလွှဲပြီးတဲ့နောက် နောက်ထပ် ၂ ယောက် လိုက်ချင်လို့ ည ၉း၃၂ မှာ ထပ်ဖုန်းဆက်ခဲ့တာမှာ ကားခက ၁ ယောက် ၃ သိန်းခွဲဖြစ်သွားပြီလို့ပြောလို့ စျေးညှိတာမှာ ၁ ယောက်ကို ၂ သိန်း ၆သောာင်းနဲ့စျေးတည့်ပြီး ကြိုတင်ငွေပို့ရမယ်ဆိုလို့ ညတွင်းချင်းလွှဲပေးခဲ့တယ်လို့ပြောပါတယ်။

ညက ချိန်းတဲ့အတိုင်း မနက် ၉ နာရီ ၁၀ နာရီ အထိစောင့်တာ မလာနိုင်တော့လို့ ဆက်သွယ်ပေမယ့် ခဏလာပြီဆိုကာ ခုထိရောက်မလာတော့တာလို့ ပြောပါတယ်။

ကားခစရံ သို့မဟုတ် ငွေအကြေတောင်းတဲ့လိမ်လည်တာတွေ ရှိနေတယ်လို့ အခြားသူတွေထံကလည်း စုံစမ်းသိရပါတယ်။ “ကျနော်တို့က မယုံကြည်လို့ ငွေကြိုတင်မပေးမိတာ၊ ဒီလိုပဲ လိမ်နေတာ သိရတယ်”လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အခြားပြဿနာတမျိုးမှာ ကားခစျေးညှိလို့ နှစ်ဖက်သဘောတူလို့ ကားလာခေါ်ချိန်စောင့်ပြီး ကားမလာလို့စုံစမ်းမှ အခြားစျေးပိုပေးသူနောက်ကို လိုက်သွားတဲ့ ကားမောင်းသူမျိုး အမျာအပြားရှိနေတယ်လို့ သိရပါတယ်။

အခြားပြဿနာ နောက်တမျိုးမှာ ကားခသဘောတူပြီး လမ်းကျမှ ငွေပိုတောင်းတဲ့ကိစ္စလို့ သိရပါတယ် “လမ်းဆိုးလို့၊ လမ်းအဖွဲ့တွေပေးရတာ များလို့၊ ကားပြန်ပြင်ရမှာ စျေးကြီးလို့စတဲ့အကြောင်းပြချက်တွေနဲ့တောင်းတာ၊ ကျမတို့လေ စိတ်ညစ်လိုက်တာ၊ စားဖို့ ကုန်ဖို့တွေ အများကြီးကျန်သေးတော့ သူတောင်းတာကို စျေးလျော့ဖို့အထပ်ထပ်တောင်းပန်ပြီးပေးခဲ့ရတာ၊ သူက ပြောသေးတယ် အသက်ကိုရင်းပြီး ငွေရှာနေရတာတဲ့”လို့ကိုယ်တိုင် လားရှိုးကနေ တောင်ကြီးကို စစ်ရှောင်လာသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ယင်းကိစ္စတွေနဲ့စပ်လျဉ်းပြီး မဲခေါင်က ကားသမားတွေကို စုံစမ်းရာမှာ ကားသမားအစစ်တွေ ငွေလိမ်တာတော့မရှိပေမယ့် ကားခတော့ ထိုက်တန်အောင်တောင်းရကြောင်း၊ အဓိကတော့ ကားပျက်လို့ ပြန်ပြင်စရိတ်ကြီးတာ၊ လမ်းက အဖွဲ့စုံတွေ အထူးသဖြင့် စစ်တပ်ဂိတ်တွေက ရစ်တာ ကျစ်တာမျိုးစုံကို ခံပြီး ငွေပေးရတာ၊ အရင်က တစ်ရက်ထဲ ရောက်ပြီး စက်သုံးဆီကလည်း မကြီးတာမှာခုက စက်သုံးဆီစျေးကြီးပြီး လမ်းဆိုးတွေ၊ အသက်ဘေးတွေကြားက မောင်းရတာ အပြင် အချို့ခရီးသည်တွေ စားစရာမရှိတာကို ရှာဖွေကျွေးခဲ့ရတာတွေရှိတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ တောင်ကြီး-လားရှိုး ကားခမှာ အနည်းဆုံး ကျပ် ၃ သိန်းခန့်ရှိနေသလို လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဓာတ်မီး၊ စောင်စတာတွေ ယူဆောင်လာဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

ရှမ်းမြောက် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စတဲ့ စစ်ဖြစ်နေရာမြို့တွေအပြင် စစ်မီးကူးစက်နိုင်တဲ့မြို့တွေ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲခံနေရတဲ့ မြို့တွေက စစ်ဘေးရှောင်သူတွေဟာ ရှမ်းတောင်၊ ရှမ်းအရှေ့နဲ့ပြည်မဘက်ကို လူဦးရေ သိန်းနဲ့ချီရှောင်နေကြတာဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now