စစ်ရေးသတင်း

လားရှိုးမြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာ

မဲခေါင် 19 Jul - 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင် ဇူလိုင် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အောင်သစ္စာ၊ တာပုံ၊ ရှမ်းကုန်း၊ ၄၁ ဂိတ် ဘက်တိုက်ပွဲ ပြင်းထန်နေတယ်။ မုဒ်ဦးအနီးက ၄၁ တပ်ထဲ တိုက်ပွဲပြင်းထန်နေပြီး မီးပါလောင်နေတယ်။ အဲဒီ နေရာတွေ ဘက်ကလွဲလို့ ဒီနေ့ မနက်ပိုင်း‌တော့ မြို့ထဲရပ်ကွက် အကုန်အခြေအနေ ကောင်းပါတယ်။ ဖုန်းလိုင်းတွေဝောာ့ ပျက်နေတယ်။ အခုက သိန္နီ ဘက်က ပိုဆိုးနေတာ။” လို့ ဒေသခံ အမျိုးသား တစ်ဦးက‌ပြောပါတယ်။

မနေ့က လားရှိုးဈေးထဲ လက်နက်ကြီးကျည်ကျလို့ ပြည်သူ တစ်ယောက် ထိခိုက်ဒဏ်ရာရသွားပြီး ကုန်စိမ်းဈေးဘက် ဆိုင်ခန်းတန်းလျား မီး လောင်ပေမယ့် ခဏ ဆို ငြိမ်းလိုက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့ လားရှိုးမြို့ကနေ ရှောင်ထွက် လာခဲ့တယ်။ ဆိုင်ကယ်နဲ့ ဟိုပိတ်တိုးဂိတ်ကို ကွင်းပြီး လမ်းမတည့်တည့်ပဲ မောင်းလာခဲ့တယ်။ မြို့ပြင်ဘက်က ရွာတွေမှာ နေအိမ် တွေ အများကြီး ပျက်စီးနေတာ တွေ့ရတယ်။ လူတွေက အကုန်ရှောင်သွားတာတွေ့ရတယ်။ တစ်ချို့အိမ်တွေမှာ တယောက်စ၊ နှစ်ယောက်စ ပဲ တွေ့ခဲ့ရတယ်” လို့ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိမှာဝော့ လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီဘက်က ခြေလျင်နဲ့ ထိုးစစ်ဆင်တဲ့ အခြေအနေ မတွေ့ရပဲ လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် သူတွေက လားရှိုး ၅၀၇ စစ်ကောင်စီ တပ် ကျသွားရင် လားရှိုးကျတာနဲ့ တူကြောင်း လူမှုကွန်ယက်မှာ ရေးသား ဖော်ပြထားပါတယ်။

လားရှိုးမြို့ထဲ စစ်ကောင်စီ တပ်စခန်း ၂၀ ကျော်ရှိတာဖြစ်ပြီး လက်ရှိမှာတော့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းအကြီးတွေ တစ်ခုမှ ပြတ်ပြတ်သားသား သိမ်းပိုက်ထားတာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုးမြို့နဲ့ မြို့ ပတ်ပတ်လည်ကို MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက စစ်မျက်နှာ ၄ ခု ထက်မနည်း ဖွင့်ပြီး ၁၀၂၇ ကျော့ပြန် စစ်ဆင်ရေး ပြန်လည် စတင်လာတာ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now