မဲခေါင်၊ ဇွန် ၂၆
ရှမ်းတောင် ဒေသခံတော်လှန်ရေးတပ်ဖြစ်တဲ့ Southern Shan Local Revolution Union ၊ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့တပ်ခွဲ(၂)အခြေခံစစ်သင်တန်း(၁/၂၀၂၄) ဆင်းပွဲကို ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကို ရှမ်းတောင် တောတွင်းတနေရာ urban task force ayng ban (UTF) ရဲ့တပ်ခွဲ-၂ စခန်းမှာပြုလုပ်ခဲ့ပြီး သင်တန်းကာလ မှာ တစ်လတိတိ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းအတွင်း တိုက်ခိုက်ရေးစွမ်းရည်တွေ၊ စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာတွေကိုလေ့ကျင့်ပေးခဲ့တယ်လို့ ပြောပါတယ်။



“အကြီးမားဆုံး လိုအပ်ချက်ကတော့ ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ပါ၊ အဲအတွက်ကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းကူညီပေးထောက်ပံ့ပေးဖို့ အကူအညီတောင်းခံအပ်ပါတယ်”လို့ တပ်ရင်းရဲ့ ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဆူမိုက မဲခေါင်ကို ပြောပါတယ်။
လက်ရှိမှာလဲ “ရှမ်းတောင်ဝင်တိုး မြို့ပြမုဆိုး”ကမ်ပိန်းမှာ ရဲဘော်တွေ အတွက် ကျည်ကာဦးထုပ်နဲ့ ရင်ကာ လိုအပ်ချက်အတွက်ပြုလုပ်နေဆဲလို့သိရပြီး ကမ်ပိန်းကာလ မေ ၂၃ က ဇွန် ၆ ရက်နေ့အထိ ဖြစ်လို့ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့ ပြောပါတယ်။
ယင်းတပ်ဖွဲ့ဟာ လက်ရှိ ကရင်နီနယ်စပ်နဲ့ရှမ်းတောင်နယ်စပ် တိုက်ပွဲတွေမှာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့အတူ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ပူးတွဲတိုက်ပွဲဝင်နေကြောင်းနဲ့ လက်ရှိမှာ လွိုင်ကော်မြို့တိုက်ပွဲအတွင်း KNDF ဗျူဟာ-၂ ရဲ့ COC အောက်မှာ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားနေတယ်လို့သိရပါတယ်။
MK-012









