မဲခေါင်၊ မေလ ၂၂ရက်
ရှမ်းမြောက် မိုးမိတ်မြို့တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်(KIA)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ၄လအကြာမှာ ထွက်ပြေးတိမ်ရှောင်တဲ့ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
မိုးမိတ်မြို့အတွင်းက ဒေသခံထက်ဝက်နီးပါထွက်ပြေးခဲ့ပြီး တိုက်ပွဲထပ်မံဖြစ်မှာစိုရိမ်းတာကြောင့် နေရပ်မပြန်သေးဘူးလို့ဒေသခံတွေက ဆိုပါတယ်။
“စစ်ရှောင်တဲ့သူတွေအရမ်းများတယ် ဘယ်သူမှလဲမပြန်ချင်တော့ဘူး တစ်ချို့အိမ်တွေဆို ဘာမှရစရာ မရှိလောက်အောင် ပျက်ဆီးကုန်တယ် အိမ်ပြန်လာဆောက်ပြီးနေရင်တောင် လုံခြုံမှုမရှိဘူး မြို့မှာနေတဲ့သူတွေလည်း တစ်ချို့က ရွေ့ပြောင်းနေကြတယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့်ဒေသခံ ၆၀ကျော်သေဆုံးခဲ့ပြီး လက်နက်ကြောင့် ပျက်ဆီးနေတဲ့အိမ်တွေ အိမ်တိုင်းအလိုလို ဖောက်ထွင်းခံရပြီး နေအိမ်ထဲက ပစ္စည်ခိုးခံရတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ရေပုံကျေးရွာနေအိမ် ၃အိမ်ပျက်ဆီးခဲ့ပြီး ၂၀ ရက်နေ့မှာလည် စစ်ကောင်စီတပ်ဖွဲ့နဲ့ KPDF တပ်ပေါင်းစုနဲ့တိုက်ပွဲဖြစ်ခဲ့ပြီး သံဃာတော်တစ်ပါးနဲ့ပြည်သူ နှစ်ဦးဒဏ်ရာရရှိပါတယ်။
တိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ရပြီး မိုးမိတ်မြို့ခံနဲ့ ရွာသားတွေ စုစုပေါင်း ၆၀၀၀ ကျော် စစ်ဘေး ရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းတွေ၊ မြို့စွန်၊ ရွာစွန် လယ်ထဲတော်တွေတောင်ထဲမှာ ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီး အချို့မှာ မန္တလေး၊ ကျောက်မဲနဲ့ ပြင်ဦးလွင်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
MK 011








