မဲခေါင်၊ မေ ၁၈
ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို “ဝ”တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီတပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။
SSPP ဝတ်စုံဝတ်ထားတဲ့ UWSA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေ ရပ်စောက်မြို့နယ်၊ နားအွန်/နားစံရွာအနီးက RCSS စစ်စခန်းကို မေ ၁၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ်(၂၀)ခန့် ကြာမြင့်တယ်လို့ ထုတ်ပြန်ထားတာပါ။
ရှမ်းဘာသာ ထုတ်ပြန်ချက်ကို မဲခေါင်သတင်းဌာနက လိုက်လံစုံစမ်းရာမှာတော့ SSPP/SSA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “UWSA”ဝ”နဲ့ SSPP(ဝမ်ဟိုင်း) စစ်ကောင်စီ(၃)ဖွဲ့ပေါင်းပြီး RCSS ကို တိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး၊ စစ်အာဏာရှင်တော်လှန်မယ်လို့ အတိအလင်း SSPP(ဝမ်ဟိုင်း) ဒုဥက္ကဌကိုတိုင် ပြောထားတာလေ၊ စစ်ကောင်စီနဲ့ပေါင်းပြီးတိုက်တယ်ဆိုကတည်းက သတင်းအမှားကြီးဘဲ၊ SSPP(ဝမ်ဟိုင်း)က သွားတိုက်တယ်ဆိုရင် ဖြစ်နိုင်သေးတယ်။ ဒါသက်သက်မဲ့ ဒေသတွင်းမတည်ငြိမ်အောင် RCSS ဘက်က ဆိုက်ဝါး ထုတ်ပြန်တာလဲ ဖြစ်နိုင်တာဘဲ”လို့ ပြောပါတယ်။


ရှမ်းပြည်နယ်တွင်း အခြေအနေမှာ ရှမ်းလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့လုံးကလဲ စစ်မှုထမ်း အတင်းအကြပ်ခေါ်နေတာတွေ ရှိနေသလို စစ်ကောင်စီကလဲ စစ်မှုထမ်းသင်တန်းပေးနေတာတွေရှိနေတဲ့အတွက် ဒေသတွင်း ရှမ်းတောင်ဒေသတွင်း တိုက်ပွဲတွေမှာ ရှမ်းတပ်ဖွဲ့တွေ ပါဝင်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါနေတာပါ။
တိုက်ပွဲသတင်းထုတ်ပြန်ချက်တွေနဲ့ ပါတ်သတ်ပြီး SSPP က ဗိုလ်မှူးကြီးစိုင်းဆု နဲ့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းတို့ကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။
MK-012










