မဲခေါင်၊ မေ ၁
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြားလို့ အိမ်ကလူတွေ ရှောင်ရှားနေကြလို့ လူအထိအခိုက်တော့ မရှိပေမယ့် အိမ်ကတော့ အားလုံးနည်းပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းတွေဟာ ဖယ်ခုံ အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ယင်းစစ်ကြောင်းနဲ့တွေ့တဲ့သူတွေ ၊ ရွာတွေ ၊ အိမ်တွေ ကို ပစ်ခတ်သတ်ဖြတ် ဖျက်ဆီးနေတာဖြစ်လို့ သူတို့စစ်ကြောင်းသတင်းနားထောင်ပြီးအချိန်မီတိမ်းရှောင်တာ၊ ထိပ်တိုက်မဆုံအောင်ပြေးရှောင်ပုန်းတာတွေ လုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိလို့ ပြီးခဲတဲ့ ဧပြီလ ၂၁ ရက်က ဖယ်ခုံ ညောင်ကုန်း ရပ်ကွက် ၅က လင်မယား ၂ ဦးနဲ့ ရပ်ကွက် ၄ က အမျိုးသား ၁ ဦ၊ ဟိန္ဓမရွာက တောင်ယာပြန်လင်မယား ၂ ဦးတို့ ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေကြောင့် ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ မတိုးအောင် ဘေးကင်းတဲ့လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာမှာ ခုလို ဒရုန်းဗုံးနဲ့ အိမ်တွေကို တိုက်ခိုက် ဖျက်ဆီးခံရတာဖြစ်ကြောင်း သိရပါတယ်။
MK-012










