စစ်ရေးသတင်း

ဆိုက်ခေါင်မြို့မှာ တစ်ရပ်ကွက် ကားတစ်စီးဝယ်ပေးဖို့ ပအိုဝ်းပြည်သူ့စစ် ညွှန်ကြား

မဲခေါင် 6 Apr - 2024
မဲခေါင်၊ ဧပြီ ၆ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့မှာ ရပ်ကွက်တစ်ခုစီတိုင်းကို 4 Wheels ကား တစ်စီးစီ ဝယ်ပေးကြဖို့ ပအိုဝ်းပြည်သူ့စစ် (PNA)က ညွှန်ကြားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဧပြီလအစပိုင်းကတည်းက ဆိုင်ခေါင်မြို့ပေါ် ၁၁ ရပ်ကွက်အတွက် ကား ၁၁ စီးစာ PNA က ကောက်ခံနေပြီး ဒီလကုန်ရက် မတိုင်ခင် ထည့်ဝင်ကြဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ ဆိုက်ခေါင်မြို့ခံ တစ်ဦးက “သူတို့က ရိုးရိုးကားတောင် မဟုတ်ဘူး။ 4 Wheels ဆိုတော့ ဈေးကြီးတယ်လေ။ ဆိုင်ခေါင်မှာ သူဌေးတွေတောင်မှ အဲလို မစီးနိုင်ဘူး။ သိန်းဂဏန်းလောက် ထည့်ရမယ်ဆိုတော့ ကျနော်တို့လည်း

မဲခေါင်၊ ဧပြီ ၆

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့မှာ ရပ်ကွက်တစ်ခုစီတိုင်းကို 4 Wheels ကား တစ်စီးစီ ဝယ်ပေးကြဖို့ ပအိုဝ်းပြည်သူ့စစ် (PNA)က ညွှန်ကြားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီလအစပိုင်းကတည်းက ဆိုင်ခေါင်မြို့ပေါ် ၁၁ ရပ်ကွက်အတွက် ကား ၁၁ စီးစာ PNA က ကောက်ခံနေပြီး ဒီလကုန်ရက် မတိုင်ခင် ထည့်ဝင်ကြဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

ဆိုက်ခေါင်မြို့ခံ တစ်ဦးက “သူတို့က ရိုးရိုးကားတောင် မဟုတ်ဘူး။ 4 Wheels ဆိုတော့ ဈေးကြီးတယ်လေ။ ဆိုင်ခေါင်မှာ သူဌေးတွေတောင်မှ အဲလို မစီးနိုင်ဘူး။ သိန်းဂဏန်းလောက် ထည့်ရမယ်ဆိုတော့ ကျနော်တို့လည်း မရရအောင် ရှာကြံရမှာပဲ” လို့ ပြောပါတယ်။

လိုင်စင်မဲ့ 4 Wheels ကားတစ်စီးကို အနည်းဆုံး သိန်း ၆၀၀ ခန့် တန်ဖိုးရှိတဲ့အတွက် တစ်အိမ်ကို သာမာန်လက်လုပ်လက်စား လူတန်းစားအတွက် တစ်သိန်းကျပ်နဲ့ လုပ်ငန်းရှင်တွေအတွက် ၃ သိန်းကျပ်ခန့် ပေးဆောင်ရနိုင်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆီဆိုင်မြို့တိုက်ပွဲစတင်တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကတည်းက ဆိုင်ခေါင်မြို့မှာ PNA က တပ်သားသစ် စုဆောင်းတာ၊ စစ်အသုံးစရိတ် မကြာခဏ ကောက်ခံတာတွေကြောင့် အခုတစ်ကြိမ် ငွေကြေးထည့်ဝင်ဖို့ စီးပွားရေး ကြပ်တည်းနေကြတယ်လို့ ဆိုပါတယ်။

ဆိုက်ခေါင်မြို့၊ တံတားဦးရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက “ကျမတို့က ဗမာရပ်ကွက်ဆိုတော့ PNO နဲ့ သိပ်မဆိုင်ဘူးလေ။ ဒါပေမယ့် ထည့်ရမှာပဲ။ လူအများကြီး မထည့်ကြရင်တော့ တမျိုးပေါ့။ ဗမာကလူနည်းစုဆိုတော့ ကိုယ်ပဲ မထည့်ရင် တအားသိတာတဲ့အခါကျတော့ မဆိုင်တဲ့ ကလေးတွေကို ဝင်ဖမ်းမှာစိုးလို့လေ။ မဖြစ်ဖြစ်အောင် ထည့်မယ်လို့ စီစဉ်ထားတယ်” လို့ ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ PNA က တပ်သားသစ် စုဆောင်းတာ အပြင် လုပ်ငန်းခွန်၊ ယာဉ်ခွန်၊ စစ်အသုံးစရိတ်၊ ပြည်ပရောက် လူငယ်များဆီက စစ်မှုထမ်း လူစားထိုးခွင့် စရိတ် စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ငွေကြေး ကောက်ခံနေပြီး တိုက်ပွဲ ပြင်းထန်တဲ့ ဒေသတွေမှာ လူသူမရှိတဲ့ နေအိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now