မဲခေါင်၊ မတ် ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲရဲ့ နောင်ကားကျေးရွာအုပ်စုမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆက်ကြေး အဆမတန်ကောက်နေလို့ ဒေသခံပြည်သူတွေ အလွန်အမင်းခက်ခဲဒုက္ခရောက်နေတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
PNO ပြည်သူ့စစ်က ဒေသခံတွေဆီက ယာဉ်နဲ့စက်တွေအတွက် သိန်းချီတဲ့ အခွန်ဆက်ကြေးတွေ ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။
ဆက်ကြေးကောက်သည့် နှုန်းထားတွေမှာ ယာဉ်များမှာ အိမ်စီးကား ၅ သောင်း၊ မြေတင်ကား ၁၄ ပေအောက် ၁ သိန်း၊ ထွန်စက် ၁ သိန်း၊ ၁၀ ဘီး ၂ သိန်း၊ ၁၂ ဘီးတွဲကား ၃ သိန်း၊ ဘက်ဟိုး ၁ တန်နှုန်း ၅ သောင်း၊ စပါးကြိတ်စက်သေး ၅ သောင်း၊ အလတ် ၃ သိန်း၊ အကြီး ၅ သိန်းနဲ့ ဆီစက် ၁ သိန်းကျပ်တို့ကို ဖြစ်တယ်လို့ တောင်းခံစာရင်းပါ နှုန်းထားများအရ သိရပါတယ်။
ယင်း စာရင်းတွင် စီးပွားရေးလုပ်ငန်း ပွဲရုံ အသေး ၃ သိန်း၊ အကြီး ၅ သိန်း၊ ကြက်ခြံ ၁ သိန်း၊ ဆီပန့်ဆိုင် အသေး ၃ သိန်း၊ အကြီး ၅သိန်း၊ သဲကျင်း အသေး ၃ သိန်း၊ အကြီး၆ သိန်း တို့ဖြစ်ကာ အဆိုပါ နှုန်းထားများမှာ ၁ လအတွက်သာဖြစ်ကြောင်း သိရပါတယ်။
စာရင်းထဲ မပါသော်လည်း ဆိုင်ကယ် ၁ စီး ၅ ထောင်ပေးဆောင်ရတာလဲ ရှိတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
လက်ရှိ အခြေအနေအရ ဒေသခံတွေအနေနဲ့ အခွန်အမျိုးမျိုး ဆက်ကြေးပေးနေရတာဟာ အလွန်အမင်းခက်ခဲဒုက္ခဖြစ်စေနေတယ်လို့ သိရပါတယ်။
MK-012








