မဲခေါင်၊ ဖေဖော်ဝါရီ ၁၅
ရှမ်းတိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တစ်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က တပ်အင်အားသစ်အတွက် လူသစ်စုဆောင်းခေါ်ယူနေတယ်လို့ သိရပါတယ်။
SSPP ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာထားတာ ဖြစ်ပါတယ်။
ရှမ်းဘာသာနဲ့ကြေညာချက်မှာ အင်အားများရင် နည်းနည်းပဲတိုက်ရမယ်၊ အင်အားနည်းရင် များများတိုက်ရမယ်၊ ပြည်သူတွေ နေရာဒေသတွေကိုကာကွယ်ဖို့ အင်အားအများကြီးလိုအပ်တယ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ SSPP ထဲဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်၊ အမြဲတမ်း ကြိုဆိုနေပါတယ်လို့ ပါရှိပါတယ်။
‘ဝင်ပြီးရင် ဘယ်တော့ပြန်ထွက်လို့ရမလဲ၊ အမြဲတမ်းလား၊ RCSS လို ၅ နှစ်ပဲလုပ် လို့မရဘူးလား၊ သိချင်တယ်’ လို့ ရှမ်းလူငယ်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်ဥပဒေကို အသက်သွင်းပြီးနောက်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အပြိုင်အဆိုင် လူငယ်တွေကို ဖိတ်ခေါ်နေပြီး SSPP ကလည်း အခုလို လူသစ်စုဆောင်းတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လာတာပါ။
တကယ်တော့ ၎င်းတို့ထိန်းချုပ်နယ်မြေတွေမှာ ယခင်ကတဲက အိမ်ထောင်စုဇယားပါ ယောက်ျား ၃ ယောက်မှာ ၁ ယောက် စစ်တာဝန်ထမ်းဖို့ ဆင့်ခေါ်ခွင့်ရှိတယ်လို့ ရှမ်းမြောက်ဒေသံတွေထံမှ သိရပါတယ်။
SSPP ရဲ့ ဌာနချုပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဝမ်ဟိုင်းမှာရှိပြီး မြန်မာ့အရေးလေ့လာနေတဲ့အဖွဲ့ (US Institute of Peace) ရဲ့ ခန့်မှန်းချက်အရ အင်အား ၅၀၀၀ ကျော်ရှိတယ်လို့ သိရှိရပါတယ်။
MK-012








