စစ်ရေးသတင်း

စစ်ကောင်စီတပ်ဟာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတယ်လို့ TNLA ပြော

မဲခေါင် 16 Jan - 2024
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဟာ လေကြောင်း လက်နက်ကြီးတွေနဲ့ နေ့စဉ်တိုက်ခိုက်ပြီး အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေတယ်လို့ TNLA က ပြောပါတယ်။

မဲခေါင် ၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဟာ လေကြောင်း လက်နက်ကြီးတွေနဲ့ နေ့စဉ်တိုက်ခိုက်ပြီး အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေတယ်လို့ TNLA က ပြောပါတယ်။

မနေ့ညက ထုတ်ပြန်တဲ့ စစ်ရေးအခြေအနေဖော်ပြချက်မှာ TNLA ကအဲ့ဒီလို ပြောဆိုထားတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ်ဖို့ သဘောတူညီခဲ့ပေမယ့် စစ်ကောင်စီဟာ နေ့စဉ်နေ့တိုင်း မရပ်မနား တိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်နေတာဖြစ်တယ်လို့ TNLAကပြောပါတယ်။

မနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီရဲ့ ကျောက်မဲမြို့နယ်ရှိ ၅၀၂ တပ်စခန်းဟာ ပါးပုတ်ကျေးရွာကို လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ကဆိုပါတယ်။

ဒါအပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်ဟာ သံဘိုရွာအနီးတဝိုက်ကိုလည်း နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်မှာ လက်နက်ကြီးနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မနေ့ ၁၂ နာရီအချိန်မှာလည်း နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ သုံးဆယ်ရွာကို လက်နက်ကြီးနဲ့ (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

TNLA ရဲ့ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာအနီးတဝိုက်ကိုလည်း စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေးရဟက်ယာဉ်နဲ့ (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါလရီလ ၁၁ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်သို့ နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို နေ့စဉ်အကြိမ်ကြိမ် ပေါ်ပေါ်တင်တင်ချိုးဖောက်ခြင်းဖြစ်တယ်လို့ TNLA ကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA ဟာ မြို့ ၇ မြို့ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အုပ်ချုပ်စီမံရေးယန္တရားများ သက်ဝင်လည်ပတ်အောင် ဆောင်ရွက်နေလျက်ရှိပါတယ်။

CJ-002

#MeKongNews

#TNLA

#ချိုးဖောက်

#အပစ်ရပ်

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now