မဲခေါင်၊ နိုဝင်ဘာ ၂၄
ရှမ်းမြောက်၊ လောက်ကိုင်ဒေသ တိုက်ပွဲတွေ အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင် ပြည်သူ ၃,၀၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်ဖွဲ့အနေနဲ့ နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၃,၀၀၀ ကျော်ကို ချင်းရွှေဟော်ဒေသက တစ်ဆင့် လုံခြုံဘေးကင်းတဲ့ နေရာသို့ ပြောင်းရွှေ့ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပြည်သူတွေ ပိတ်မိနေအောင် စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့က ပြုလုပ်နေတာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေလည်း စစ်ဘေးရှောင် ဟန်ဆောင်ကာ စစ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်တာ ရှိတယ်လို့ MNDAA ဆိုပါတယ်။
စစ်ဘေးရှောင် ဟန်ဆောင်ကာ ရုပ်ဖျက် တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အထူး စိစစ် ရတာကြောင့် စစ်ရှောင် ကယ်ဆယ်ရေးပိုင်းမှာ အနည်းငယ် ကြန့်ကြာနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိ တိုက်ပွဲတွေကြောင့် လောက်ကိုင်ဒေသမှာ လမ်းတံတား ကျိုးပျက်တာ၊ လမ်းပိုင်းတွေ ပျက်စီးနေတာကြောင့် တိုက်ပွဲတွေကြား ပြည်သူ သောင်းနဲ့ချီ ပိတ်မိနေတာ ဖြစ်ပါတယ်။
MK-007
#MeKongNews
#လောက်ကိုင်ဒေသ
#MNDAA
#စစ်ဘေးရှောင်














