မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မုံးကိုးမြို့အနီးက စစ်ရေးအရ အရေးပါတဲ့ လွယ်ဂျုံတောင် စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းက MNDAA က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေနဲ့ MNDAA ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“တနေ့က နေ့လယ်ပိုင်းက သိမ်းလိုက်တာ။ ဟေမိုးလုံ ဘက်နားက တောင်လေ။ မြို့အဝင်နားက ကောင်းဂွေရွာ မှာလည်း စစ်ကောင်စီတွေ မရှိတော့ဘူး။ MNDAA တွေ နေလိုက်ပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မုံးကိုးမြို့နဲ့ အနီးတ၀ိုက်မှာ နို၀င်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက စပြီး စစ်ကောင်စီတပ်တွေ မရှိတော့ဘူးလို့ သူက ပြောပါတယ်။
လွယ်ဂျုံတောင်ဟာ စစ်ရေးအရ မဟာဗျူဟာကျပြီး အရေးပါတဲ့တောင် ဖြစ်သလို မုံးကိုး အနီးဝန်းကျင်မှာ အမြင့်ဆုံး တောင်တစ်ဝောာင် ဖြစ်တယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“အဲဒီတောင်မှာ စခန်းချနိုင်တဲ့ တပ်ကတော့ ဘယ်ကို ဘယ်လိုပဲ ပစ်ပစ် အဆင်ပြေတယ်။ မြူခိုးတွေ ဆိုင်းနေရင် လေယာဉ်ဝောာင် တောင်ထိပ်ထိ မရောက်နိုင်ဘူး။ ဒီတစ်ကြောမှ အမြင့်ဆုံးတောင်ထဲက တစ်လုံး” လို့ သူက ပြောပါတယ်။
MNDAA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးကလည်း ဟေမိုးလုံ အထက်က ရဟတ်ယာဥ်ကွင်းရှိတဲ့ လွယ်ဂျုံတောင် စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့ နေလယ်ပိုင်းမှာ MNDAA က သိမ်းလိုက်ပြီလို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၁၉ ရက်မြောက်နေ့ အထိ MNDAA ပါ၀င်တဲ့ ညီနောင် မဟာမိတ်တပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီ စခန်းအကြီး၊ အသေးပေါင်း ၁၄၄ ခု ကို သိမ်းပိုက်ခဲ့တယ်လို့ ကိုးကန့် သတင်းဌာနက ဖော်ပြထားပါတယ်။
CJ-008
#MekongNews
#မုံးကိုးမြို့
#MNDAA_AA
#မဟာဗျူဟာ








