မဲခေါင်၊ နိုဝင်ဘာ ၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မုံးကိုးဂိတ်မှာ ကိုးကန့် အလံ ပြန်လည် စိုက်ထူနိုင်ပြီလို့ MNDAA က ဒီကနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလလယ်က စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်တပ်တို့ တိုက်ပွဲ ၂ ပတ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က မုံးကိုးဒေသကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ညီနောင် မဟာမိတ်တပ်တွေ မုံကိုးဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး “၇ နှစ်တိုင်တိုင် ကျော်ဖြတ်ခဲ့ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်မှာ MNDAA ၏ အလံကို နောက်တစ်ကြိမ် ထပ်မံထူထောင်နိုင်ခဲ့” တယ်လို့ ကိုးကန့်ပြန်ကြားရေးက ရုပ်သံနဲ့တကွ ဖော်ပြထားပါတယ်။
၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မုံးကိုးဒေသ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။
MK-007
#MekongNews
#ကိုးကန့်
#MNDAA
#မုန်းကိုးဒေသ








