မဲခေါင်၊ မတ် ၇
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ နယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ၁ လကြာ ပြုလုပ်ခဲ့ပြီးနောက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ မြို့တွေကို အထူးဒေသ (၁) အဖြစ်သတ်မှတ်ကာ အုပ်ချုပ်သွားမယ်လို့ MNDAA က ကြေညာပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့ က လောက်ကိုင်မြို့ အထူးဒေသစစ်ဆင်ရေးခန်းမမှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ နယ်မြေရှင်းလင်းရေးအထူးစီမံချက်ဟာ ပြီးဆုံးသွားပြီလို့ အဲဒီအစည်းအဝေးမှာ MNDAA က ပြောတယ်လို့ သိရပါတယ်။
တစ်လကြာတဲ့ နယ်မြေရှင်းလင်းရေးမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်သူ ၂၆၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တာမှာ နေရာ ၆၆ နေရာကို စစ်ဆေးခဲ့ပြီးနောက် ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံသား ၄၈ ဦး၊ ဗီယက်နမ် ၈ ဦးနဲ့ တရုတ်နိုင်ငံသား ၂၀၈ ဦးတို့ကိငု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အထူးစီမံချက်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံ ၂ ခုကို သိမ်းဆည်းရမိခဲ့ပြီး ငွေလိမ်ဂိုဏ်း ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်သူ ၁၈၄ ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
MK-012