စစ်ရေးသတင်း

၁၀၂၇ စစ်ဆင်ရေးအဖြစ် မီးဝဗျူဟာကုန်းအပါအဝင် ဗျူဟာကုန်း ၂ ခုကို ရခိုင်တပ်မတော် – AA တိုက်ခိုက်သိမ်းပိုက်

မဲခေါင် 14 Jan - 2024
၁၀၂၇ စစ်ဆင်ရေးအဖြစ် မနေ့မှာ ပလက်ဝ ကျောက်တော်အစပ်မှာရှိတဲ့ မီးဝ ဗျူဟာကုန်း နဲ့ ပလက်ဝဒေသအတွင်းရှိ ခန်ခတောင် ဗျူဟာစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

၁၀၂၇ စစ်ဆင်ရေးအဖြစ် မနေ့မှာ ပလက်ဝ ကျောက်တော်အစပ်မှာရှိတဲ့ မီးဝ ဗျူဟာကုန်း နဲ့ ပလက်ဝဒေသအတွင်းရှိ ခန်ခတောင် ဗျူဟာစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ လက်နက်အများအပြားကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီး နောက်ဆက်တွဲ ထပ်မံထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီခန့်အချိန်မှာ ပလက်ဝ-ကျောက်တော်အစပ်မှာရှိတဲ့ “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ပြောပါတယ်။

မီးဝ ဗျူဟာကုန်းဟာ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက် ၂၀၂၀ ဖေဖော်ဝါရီလတုန်းကလည်း ရခိုင်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဖေဖော်ဝါရီလမှ မတ်လအထိ ရက်ပေါင်း ၄၀ ကျော် အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။

အခု စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲ့ဒီမီးဝ ဗျူဟာကုန်းကို အခု ဇန်နဝါရီလမှ စပြီး AAက ထိုးစစ်ဆင်တိုက်ခိုက်ရာ မနေ့ ဇန်နဝါရီ ၁၃ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပလက်ဝဒေသအတွင်း စစ်ကောင်စီရဲ့ လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်တဲ့ ခန်ခတောင်ဗျူဟာစခန်း ကိုလည်း ရခိုင်တပ်‌တော် (AA) က အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အများတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မီးဝဗျူဟာကုန်းမကျရေးအတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးတိုက်ခိုက်မှုယူပြီး အပြင်းအထန်ခုခံပေမယ့် AA ထိုးစစ်ကို မခံနိုင်ပဲ စခန်းလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

AA အနေနဲ့ ပလက်ဝ ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်ဖို့အတွက် စစ်ကောင်စီရဲ့ လက်ကျန်စခန်းအနည်းငယ်ကို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး ပလက်ဝအနောက်ခြမ်းတစ်ခုလုံးကို ထိန်းသိမ်းထားနိုင်ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

AA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာ၊ နှုံဘူးဗျူဟာ၊ စခအောင်းဝစခန်းကုန်း၊ ခဝဲဗျူဟာကုန်း၊ ပွိုင့် ၃၅၁၊ ပွိုင့် ၃၉၁၊ ပွိုင့် ၃၇၇ စတဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသအတွင်းရှိ မြို့နယ်အနှံ့အပြားမှာ အရပ်သားပြည်သူလူထု သွားလာတဲ့ နေရာ အပါအဝင် ရပ်ရွာ၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းလိုမျိုး နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားတာတွေ လေကြောင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ စတဲ့ လုပ်ရပ်ဟာ “ဂျနီဗာကွန်ဗင်းရှင်း” ကို ပြောင်ပြောင်းတင်းတင်းချိုးဖောက်နေတဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ လည်း ညီနောင်မဟာမိတ်အဖွဲ့ကပြောပါတယ်။

CJ-002

#MeKongNews

#Operation1027

#မီးဝဗျူဟာကုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now