စစ်ရေးသတင်း

အလံဖြူထောင် လက်နက်ချတဲ့ ကုန်းကြမ်း ခလရ (၁၂၅) တပ်ရင်းက လက်နက်ခဲယမ်း အပုံလိုက် MNDAA သိမ်းဆည်းရရှိ

မဲခေါင် 2 Dec - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်း အခြေစိုက် ခလရ (၁၂၅) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်ပြီး နို၀င်ဘာ ၂၈ ရက်နေ့က အလံဖြူထောင် လက်နက်ချခဲ့ရာ အဲဒီ တပ်စခန်းက အမြောက်၊ သေနတ်၊ ကျည် အပါအ၀င် လက်နက်ခဲယမ်း အပုံလိုက် သိမ်းဆည်း ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်း အခြေစိုက် ခလရ (၁၂၅) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်ပြီး နို၀င်ဘာ ၂၈ ရက်နေ့က အလံဖြူထောင် လက်နက်ချခဲ့ရာ အဲဒီ တပ်စခန်းက အမြောက်၊ သေနတ်၊ ကျည် အပါအ၀င် လက်နက်ခဲယမ်း အပုံလိုက် သိမ်းဆည်း ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကုန်းကြမ်းစခန်းနဲ့ စခန်းငယ်တွေကို နိုဝင်ဘာ ၂၄ ရက်ကစပြီး ညီနောင်တပ်ဖွဲ့တွေ စတင် တိုက်ခိုက်ခဲ့ရာ ၂၇ ရက်မှာ စကခ (၁၆) တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာတော့ ခလရ (၁၂၅) တပ်ရင်းမှူး ကိုယ်တိုင် လက်နက်ချ အညံ့ခံဖို့ လာရောက် ဆွေးနွေးခဲ့ပြီးနောက် ခလရ (၁၂၅) တပ်ဖွဲ့ဝင် ၉၃ ဦး၊ စကခ (၁၆) တပ်ဖွဲ့ဝင် ၃၆ ဦး၊ စကခ (၁၂) တပ်ဖွဲ့ဝင် ၁၄ ဦး၊ ကော်မျိုးနွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဗမာလူမျိူး ၂၇ ဦး၊ စစ်တပ် မိသားစု ၈၆ ဦး၊ စစ်ဆင်ရေး အကြံပေး သူ ၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း ၂၇၂ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ကုန်းကြမ်းဒေသမှာ နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲ ထိန်းချုပ်ထားတဲ့ အဆိုပါ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ကိုးကန့် တပ်ဖွဲ့ အတွက် သမိုင်းဝင် အောင်မြင်မှု ဖြစ်တယ်လို့ MNDAA ပြောရေးဆိုခွင့်သူ လီကျားဝင်း က မဲခေါင်သတင်းဌာနကို ပြောဆိုထားပါတယ်။

၁၉၆၅ ခုနှစ်မှာ ကုန်းကြမ်းဒေသကို စစ်တပ်က ထိုးဖောက် ဝင်ရောက်ခဲ့ပြီး တပ်စွဲခဲ့ရာ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဗကပ အမှတ် (၄၀၄) တပ်ဖွဲ့မှ ကုန်းကြမ်းတပ်စခန်းကို ၂ ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒုတိယ အကြိမ်မှာ ကုန်းကြမ်း စခန်းကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှာ ကိုးကန့် ရန်မောက်လျှံရဲ့ ညီ ဖောက်ပြန်မှုကြောင့် ကုန်းကြမ်းဒေသ အပါအဝင် ချင်းရွှေဟော်၊ ရှီယွင်ကြည် (ပါစင်းကျော်)၊ မီရှင့်ကုတ်၊ လောက်ကိုင်၊ ရှင်းကိုင်း၊ တာရွှေထန်၊ ရန်ခန့်၊ မော်ထိုက်ဒေသတွေကို စစ်တပ်က နှစ်ပေါင်း ၂၈ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

MK-007

#MeKongNews

#ကုန်းကြမ်း

#ခလရ(၁၂၅)

#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now