မဲခေါင်၊ ဇူလိုင် ၂
ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က တပ်ထဲကနေ အမြောက်တွေ ပစ်တာနဲ့ တော်လှန်ရေးတပ်တွေကလဲ နေအိမ်နဲ့ လူထုကြားထဲ အကာအကွယ်ယူပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ၊ သံဃာတွေ ထိခိုက်ဒဏ်ရာတွေ ရှိခဲ့တာလို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။
ရှမ်းလူငယ် အရပ်ဖက်အဖွဲ့အစည်းတွေက အချက် ၂ ချက်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေတာကို တောင်းဆိုလိုက်တာပါ။
တောင်းဆိုချက်အနေနဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လူသားတံတိုင်းပြုလုပ်ပြီး လေကြောင်းဗုံးကြဲမှုတွေကို အပြင်းအထန်ရှံ့ချကန့်ကွက်တာဖြစ်ပြီး သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကိုလဲ အရပ်သားများကို အထိအခိုက်နည်းစေတဲ့နည်းလမ်းနဲ့ တော်လှန်စစ်ကို ဆင်နွှဲဖို့ အကြံပြုကြောင်းဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အကူအညီများစွာလိုအပ်နေလို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးကင်းလွတ်ရာဒေသက မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သမျှကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇွန်လ ၃၀ ရက်မှာလဲ ကျောက်မဲမြို့ ONE Love ဟိုတယ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲချလို့ တော်လှန်ရေးအဖွဲ့တွေအပြင် အရပ်သားအများအပြားသေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
MK-012
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-185211_002-1-1024x683.jpeg)