စစ်ရေးသတင်း

အပစ်ရပ်ထားပေမယ့် ကိုးကန့်နဲ့ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်း လက်နက်ကြီးတွေနဲ့ ဆက်လက်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ပြော

မဲခေါင် 18 Jan - 2024
အပစ်ရပ်ထားပေမယ့် ကိုးကန့်နဲ့ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်း လက်နက်ကြီးတွေနဲ့ ဆက်လက်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ပြော

မဲခေါင် ၊ ဇန်နဝါရီ ၁၈

အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအချို့ ရရှိပြီးတဲ့နောက် ရှမ်းမြောက်ရှိ ကိုးကန့်နဲ့တအာင်းဒေသမှာ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှု သိသာစွာလျော့နည်းသွားပေမယ့် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို လေကြောင်း လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကပြောပါတယ်။

မနေ့ညက ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၈၃ ရက်မြောက်အခြေအနေမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က အဲ့ဒီထို ထည့်သွင်းအသိပေးထားပါတယ်။

“ဟိုင်ဂင်ဆွေးနွေးပွဲတတိယအကြိမ် အပြီးတွင် နှစ်ဖက်သဘောတူညီမှုအချို့ ရရှိခဲ့ပြီးနောက် ရှမ်းမြောက်ရှိ ကိုးကန့်နှင့် တအာင်းဒေသအချို့တွင် နှစ်ဖက်တိုက်ပွဲများ သိသာစွာလျော့ကျသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ အရပ်သား၊ ရပ်ရွာများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်၍ရှိနေဆဲဖြစ်သည်။” လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။

ရှမ်းမြောက်ဒေသအတွင်းရှိ တအာင်းတပ်မတော် (TNLA) ရဲ့ တပ်မဟာ (၂) စစ်ဒေသ၊ ဖြူရောင် ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အထက်ညောင်ကုန်း‌ကျေးရွာကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ လက်နက်ကြီးနဲ့ ၁ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ရှမ်းမြောက်ဒေသမှာ စတင်ခဲ့ပေမယ့် စစ်ဆင်ရေးအရှိန်အဟုန်ဟာ အခြားတော်လှန်ရေးနယ်မြေတွေကို ကူးစက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်စဲမှု သဘောတူညီချက်ကြောင့် ထိတွေ့တိုက်ပွဲလျော့နည်းလာပေမယ့် မြေပြင်မှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်း ရှမ်းမြောက်မှ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“ရှမ်းမြောက်မှာ ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတွေ တိုက်ခိုက်တာ ရပ်ထားပေမယ့် နမ့်ဖက်ကာမှာတေ့ာ နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေတုန်းပဲ ကချင်တပ်မတော် KIA ရဲ့ ထိုးစစ်ကို စစ်ကောင်စီတပ်တွေ အပြင်းအထန်ခုခံနေရတုန်းပဲ” လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲတွေ ထိုးစစ်တွေ လျော့နည်းသွားပေမယ့် ညီနောင် ၃ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ AA တပ်ဖွဲ့ရဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ စစ်ရေးတွေပြင်းထန်လျက်ရှိနေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ ရခိုင်တပ်တော် AA က စစ်ကောင်စီရဲ့ စခန်းတွေကို တခုပြီး တခု သိမ်းယူနေတဲ့အချိန်မှာ ရခိုင်တပ်တော်ရဲ့ ဗျူဟာမြောက်ထိုးစစ်၊ ဝိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို အလူးအလဲခံနေရတဲ့ စစ်ကောင်စီကတော့ မြို့၊ ရပ်ရွာတွေကို ဦးတည်တိုက်ခိုက်ခြင်း နဲ့ မီးရှို့ဖျက်ဆီးခြင်းအလုပ်ကိုသာ အောက်တန်းကျစွာ ပြုလုပ်နေတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ကပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှု လျော့နည်းသွားတဲ့အချိန် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတာကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

CJ-002

#MeKongNews

#ရှမ်းမြောက်

#စစ်ကောင်စီ

#အပစ်ရပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now