စစ်ရေးသတင်း

သီပေါမြို့ပေါ် ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ပြေးပြီး နောင်ချို ခမရ ၁၁၅ တပ်ရင်း အလံဖြူထောင်

မဲခေါင် 27 Jun - 2024
သီပေါမြို့ပေါ် တအာင်းတပ်ဖွဲ့ (TNLA)နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေ ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင် ဇွန် ၂၆

သီပေါမြို့ပေါ် တအာင်းတပ်ဖွဲ့ (TNLA)နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေ ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ ညပိုင်း သီပေါထောင်နဲ့ နောင်ကတ်ဘက်ကနေ မြို့တွင်း ဝင်မယ်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် TNLA ဝင်ရောက်နိုင်တဲ့လမ်းတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားပြီး လက်အောက်ခံဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်နေတာပါ။

သီပေါမြို့တွင်း နေ့လည် ၂ နာရီနောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီ ခမရ-၅၀၃၊ ခမရ-၅၀၄ နဲ့ ခလရ-၂၃ တို့ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်နေကြပြီး လက်နက်ကြီးကျည်တွေ ရေလယ်ကျွန်းပေါ် ကျရောက်ပေါက်ကွဲသလို ရွှေသမင်ကျောင်က ဆရာတော်တစ်ပါး ကျည်စမှန်လို့ နယ်စည်းမခြားပရဟိတအသင်းက ဆေးထည့်ပေးနေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့မှာတော့ စစ်ကောင်စီ တပ်ရင်း နှစ်ရင်းရှိတဲ့အနက် ခမရ-၁၁၅ ကတော့ အလံဖြူထောင်လက်နက်ချပြီး ခမရ-၁၁၄ ထဲမှာတော့ စစ်ကောင်စီတပ်က လူတွေမရှိတော့ဘူးလို့ သိရပါတယ်။ လက်ရှိမှာ နောင်ချိုမြို့ပေါ် ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး တအာင်းတပ်ဖွဲ့ TNLA ကထိန်းချုပ်ထားပါတယ်။

လက်ရှိအနေအထားမှာ ၁၀၂၇ စစ်ဆင်ရေး(အဆက်) ဒေသအခေါ် ၀၆၂၅ စစ်ဆင်ရေးမှာ ဇွန်လ ၂၅ ရက် ၂၆ ရက် ၂ ရက်အတွင်း နောင်ချိုမြိုကို TNLA တွေ သိမ်းပိုက်သွားနိုင်ပြီဖြစ်ပြီး ကျောက်မဲမြို့လဲ လက်နက်ချတာတွေနဲ့ မြို့တွင်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ သီပေါမြို့ထဲကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ပဲ ကျန်တော့တဲ့အနေအထားလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့နားထိ တိုက်ပွဲတွေကပ်လာပြီး ကိုးကန့် MNDAA တပ်က နမ့်ပေါင်တံတားကိုထိန်းချုပ်ထား

ရှမ်းမြောက်၊ လားရှိုးမြို့အပြင် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး MNDAA ကိုးကန့်တပ်တွေက နမ့်ပေါင်တံတားထိ ထိန်းချုပ်လိုက်နိုင်နေပြီလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်တောင်ဈေး ပြန်ဖွင့်ပေမယ့် မြို့ခံတွေအတွက် အဆင်ပြေမှုမရှိသေး

ကရင်နီပြည်၊ လွိုင်ကော်မြို့ တောင်ဈေး (သီရိမင်္ဂလာဈေး)ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂ မှာပဲ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သီပေါမှာ လောင်စာဆီ ကန့်သတ်ချက်နဲ့ ဝယ်ယူနေရ

ရှမ်းမြောက် သီပေါမြို့နယ်တွင် ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ဓာတ်ဆီကို တစ်ဦးလျှင် ၃ သောင်းကျပ်ဖိုးသာ ရောင်းချပြီး လူရာနဲ့ချီ တန်းစီ စောင့်ဝယ်ယူနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းတိုက်ပွဲကြောင့် စိုက်သူနည်းတဲ့အတွက် ဂေါ်ဖီထုပ်တွေဈေးကောင်းရနေ

ဂေါ်ဖီအများဆုံးစိုက်ပျိုးတဲ့ ပင်လောင်းဒေသမှာ ဒီနှစ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်တောင်သူနည်းပါးပြီး ဝယ်လိုအားများနေတာကြောင့် ဂေါ်ဖီဈေးနှုန်းမြင့်တက်နေတာလို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now