စစ်ရေးသတင်း

လွယ်ဂျယ် နဲ့ မိုးမောက်ကြားက စိန်လုံဗျူဟာစခန်းကုန်း KIA သိမ်းပိုက်

မဲခေါင် 1 Apr - 2024
စစ်ကောင်စီရဲ့ စိန်လုံဗျူဟာစခန်းကြီးကို ဧပြီလ ၁ ရက်နေ့ မနက် ၇ နာရီခန့်မှာ KIA က အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁

ကချင်ပြည်နယ်၊ လွယ်ဂျယ် နဲ့ မိုးမောက်ကြားက စစ်ကောင်စီရဲ့ စိန်လုံဗျူဟာစခန်းကြီးကို ဧပြီလ ၁ ရက်နေ့ မနက် ၇ နာရီခန့်မှာ KIA က အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

“ မနေ့ညနေကတည်းက ဗျူဟာ စခန်း ဝင်းထဲထိ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်နေပြီ။ ည ပိုင်းကျဝောာ့ မခံ နိုင်လို့ သူတို့ ဘာသာ ထွက်သွားကြတာ။ ဒီ မနက်ပိုင်းကျတော့ တပ်ရှင်းလင်းရေး လုပ်ပြီး အပြီးသတ် သိမ်းလိုက်တာ” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲဒီ စိန်လုံ စစ်‌ကောင်စီ ဗျူဟာ စခန်းဟာ အင်္ဂလိပ်ခေတ်ကတည်းက ခိုင်ခိုင်မာမာ စခန်းချထားတဲ့ နှစ်ပေါင်း ၇၀ ခန့်ရှိ မဟာဗျူဟာကျ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ လွယ်ဂျယ်ကနေ မိုးမောက်ထိ လမ်းတလျှောက်လုံး စစ်ကောင်စီ တပ်မရှိဝောာ့ဘူး။ လွယ်ဂျယ် မြို့ထဲမှာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြည့်နေပြီ။ မိုးမောက်ဝန်းကျင်မှာတော့ စစကောင်စီတပ်တွေ ရှိသေးတယ်။ တဖြည်းဖြည်း ဗန်းမော်ဘက် ရှင်းလာဖို့ပဲ ရှိတော့တယ်။” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဒီနေ့လည်း မိုးမောက်ဘက်ကနေ စိန်လုံ ဘက်ကို လက်နက်ကြီး ပစ်နေတာတွေ ကြားရပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ပစ်ကူနေတယ်လို့ ယူဆရတယ်ကြောင်း သူက ပြောပါတယ်။

စိန်လုံ ဗျူဟာ စခန်းကြီးကို အကာအကွယ်ပေးနေတဲ့ ကာကင်းစခန်း ၈ ခုရှိပြီး အဲဒီ ကာကင်းစခန်းတွေကို မတ်လ ၃၀ ရက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း‌တွေက သိမ်းပိုက်လိုက်ပြီလို့ ဆိုပါတယ်။

မတ်လ ၇ ရက်နေ့ကစ လိုင်ဇာ အနီး ဝန်းကျင်၊ ဗန်း‌မော် – မြစ်ကြီးနားလမ်း၊ မြစ်ကြီးနား – ဖားကန့်လမ်း၊ မြစ်ကြီးနား – ပူတာအိုလမ်း၊ လွယ်ဂျယ် – ဗန်း‌ေမာ်လမ်း တွေ တလျှောက်မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KIA တွေနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး။လက်ရှိထိ စစ်ကောင်စီ ရဲ့ စခန်း ကြီးသေး ၆၀ ခန့် သိမ်းပိုက်ရရှိထားပြီ ဖြစ်ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းက ပြောပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now