မဲခေါင်၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ အခြေစိုက် ခမရ ၁၂၉ မှ တပ်ရင်းတစ်ခုလုံး ရဲဘော် ၁၂၆ ဦးနဲ့ မိသားစုဝင် ၁၃၄ ဦး စုစုပေါင်း ၂၆၂ ဦးဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်လာတယ်လို့ သိရပါတယ်။
ပြည်သူ့ဘက်ကူးပြောင်းလာသူတွေကို ငွေကျပ် ၁၀ သိန်းစီပေးခဲ့ပြီး မိသားစုဝင်တွေကိုတော့ ၁ သိန်းစီပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ရင်းမှူး ဗိုလ်မှူး ရဲကျော်အောင်ကိုလည်း မဟာမိတ်အဖွဲ့တွေက မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း မြောက်ပိုင်းအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံကြသူတွေကို အသက်၊ အန္တရာယ် လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိ ခိုက်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဖိတ်ခေါ်ထားပါတယ်။
တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းအဖွဲ့တွေဆီ အလင်းဝင်တာဟာ နိုဝင်ဘာ ၁၂ ရက်နေ့ကဖြစ်ပြီး ဒီနေ့မှ ထုတ်ပြန်အသိပေးတာဖြစ်ပါတယ်။
#MeKongNews
#တပ်ရင်း
#မိသားစု
#အလင်းဝင်