မဲခေါင်၊ မတ် ၇
ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ၂၀၁၇ စစ်ဆင်ရေးကာလအတွင်းက ထိန်းသိမ်းထားတဲ့ ကားတွေကို လာမယ့် ဧပြီလ ၁ ရက်နေ့အထိ ထုတ်ပေးမယ်လို့ လောက်ကိုင်အခွန်များဦးစီးဌာနက မတ်လ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
စာရွက်စာတမ်းအတုနဲ့လာရင် ထိရောက်တဲ့ပြစ်ဒဏ်ပေးမှာဖြစ်ပြီး လာရောက်ထုတ်ယူသူအနေနဲ့ လက်ဝယ်ပိုင်ဆိုင်ကြောင်း လိုင်စင်ယူ ဆောင်လာဖို့၊ ရန်သူ့စစ်တပ်က ဖမ်းမိထားတဲ့ကားတွေကို ထုတ်ပေးမှာ မဟုတ်ကြောင်းနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေ၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းကသိမ်းဆည်းထားတဲ့ ကားတွေကိုတော့ပြန် ထုတ်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာပါရှိပါတယ်။
လောက်ကိုင်မှာ ရှိနေတဲ့ ကားတွေအများစုဟာ တိုက်ပွဲကာလအတွင်းက လက်နက်ထိမှန်ထားတဲ့ ကားတွေဖြစ်လို့ ဝပ်ရှော့တွေမှာ စုပုံနေတယ်လို့ ဒေသသတင်းအရ သိရပါတယ်။
MK-012