စစ်ရေးသတင်း

လားရှိုးမြို့နားထိ တိုက်ပွဲတွေကပ်လာပြီး ကိုးကန့် MNDAA တပ်က နမ့်ပေါင်တံတားကိုထိန်းချုပ်ထား

မဲခေါင် 3 Jul - 2024
ရှမ်းမြောက်၊ လားရှိုးမြို့အပြင် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး MNDAA ကိုးကန့်တပ်တွေက နမ့်ပေါင်တံတားထိ ထိန်းချုပ်လိုက်နိုင်နေပြီလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၃

ရှမ်းမြောက်၊ လားရှိုးမြို့အပြင် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး MNDAA ကိုးကန့်တပ်တွေက နမ့်ပေါင်တံတားထိ ထိန်းချုပ်လိုက်နိုင်နေပြီလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

လားရှိုး-မိုင်းရယ်သွားလမ်းပေါ်က နမ့်ပေါင်တံတားက စစ်ကောင်စီတပ် ခလရ-၂၉၁ နဲ့ MNDAA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာမှာ ယနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ MNDAA ကိုးကန့်တပ်တွေက ထိန်းချုပ်ထားတာပါ။

မန်ဆန်ရေကျကျေးရွာမှာတော့ နေ့လည် ၁ နာရီခန့်မှာ အိမ်တအိမ်ပေါ် ဗုံးကျကွဲလို့ လူ ၁ ယောက် မျက်နှာနဲ့ခြေထောက်ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲကို ကိုးကန့်တပ်တွေက ဒရုန်းနဲ့ဗုံးကြဲနေသလို လားရှိုးက ၁၆ မိုင်အကွာ နောင်မွန်မှာ တပ်စွဲထားတဲ့ ခမရ-၅၀၅(နမ့်လန်)ကို ကိုးကန့်တပ်တွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ သိရပြီး တိုင်းစစ်ဌာနချုပ်ထဲကနေ လက်နက်ကြီးနဲ့ မြို့ပြင်ပတ်ပတ်လည်ကို ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဂေါက်ကွင်းထဲကို ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲပေမယ့် လူအထိအခိုက်မရှိဘူးလို့ သိရပြီး မန်ဆူကားဂိတ်နားက သီလရှင်ကျောင်းနဲ့ စစ်တိုင်းရုံးသွားတဲ့လမ်း၊ ရပ်ကွက်-၁၁ နမ္မတူလမ်းခွဲ တောရကျောင်းနား၊ ကြေးအိုးဆိုင်နားတွေ လက်နက်ကြီး ဒရုန်းတွေကျပေမယ့် လူအထိအခိုက်ရှိ/မရှိ သီးခြားအတည်ပြုချက်မရသေးပါဘူး။

“ တချို့က ဘာမှမပြောနိုင်ကြတော့ဘူး၊ ကြောက်နေကြပြီလေ၊ ထွက်ဖို့က အခြေအနေမပေး၊ လက်နက်ကြီးက မိုးပေါ်က ဘယ်အချိန်ကျလာမယ်မသိ၊ သေမင်းကနီးနီးလေးဖြစ်နေတော့ လူတွေလဲ စားဖို့အနိုင်နိုင်ကို ဝယ်ခြမ်းနေကြရတာ၊ မြို့ထဲတော့ တိုက်ပွဲမဖြစ်သေးဘူး၊ ဖြစ်ရင်ကျည်ဆံအသေးတွေနဲ့ ပစ်ခတ်ခံရမှာ” လို့ ရပ်ကွက်-၇ က ဒေသသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနက်ပိုင်းက သာယာလမ်း ဗုံးကျလို့ သေသူ ၄ ဦးလို့ပဲသိခဲ့ရပေမယ့် ကလေး ၂ ဦးအပါ မိသားစု ၆ ဦးလုံး သေဆုံးရတာဖြစ်ပြီး နမ့်ပေါင်မှာ သေဆုံးတဲ့ ၃၉ နှစ်အရွယ်အမျိုးသမီးနဲ့ဆို လားရှိုးမှာ ဇူလိုင်လ ၃ ရက် တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် အရပ်သားပြည်သူ သေဆုံးသူ ၇ ဦးရှိပြီလို့ သိရပါတယ်။

ဒဏ်ရာရသူ တွေအနေနဲ့ ၃ ဦးရှိပြီး နမ့်ပေါင်က ၄၅ နှစ်အရွယ်အမျိုးသားနဲ့ သူ့သား ၁၂ အရွယ်ကလေး၊ မန်ဆန်ရေကျက ၂၅ နှစ်အရွယ် ဖြစ်ကာ အခြား သေဆုံးဒဏ်ရာရတွေ ရှိနေနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လားရှိုးမြို့နယ် နမ့်တွန်းရွာ၊ ၁၃ မိုင်ကုန်း၊ နမ့်ဟူးအမက တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စဉ့်အင်ဘက်က MNDAA အင်အားထောင်ကျော် လားရှိုးမြို့ကို သီပေါဘက်ကနေတိုက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ လားရှိုးလေဆိပ်ကို ပိတ်လိုက်သလို မြို့ပတ်လည်က အီနိုင်း၊ မိုင်းတင်၊ မန်အိုင်၊ ကုန်းညောင်ဈ ရှန်ခိုက် စတဲ့ ကျေးရွာတွေမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now