မဲခေါင်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်က စစ်ကောင်စီ အမာခံစခန်းဖြစ်တဲ့ မိုင်းကျက် စခန်းကို မနေ့က ညသန်းခေါင်မှာ သိမ်းပိုက်နိုင်ပြီလို့ TNLA က ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်မှာ အသိပေး ပြောဆိုလိုက်ပါတယ်။
မိုင်းကျက်စခန်းကို “၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ မနေ့ကအထိ ၂၈ ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက် ညသန်းခေါင်မှာတော့ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့နယ် အတွင်းက အခိုင်အမာစခန်း တစ်ခုဖြစ်တဲ့ မိုင်းကျက်စခန်းမှာ စစ်သား ရာနဲ့ချီ တပ်စွဲထားပြီး မနေ့က စခန်းသိမ်း တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိမှုကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ညီနောင် ၃ ဖွဲ့နဲ့ PDF တပ်ရင်းတွေ ပူးပေါင်းဆောင်ရွက်တဲ့ “၁၀၂၇ ရှမ်းမြောက်” စစ်ဆင်ရေးအတွင်း မြို့နယ် ၉ ခုနဲ့ စစ်ကောင်စီ စခန်းပေါင်း ၂၀၀ နီးပါး ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင် ၃ ဖွဲ့က ပြောပါတယ်။
MK-007
#MeKongNews
#လားရှိုးမြို့နယ်
#မိုင်းကျက်စခန်း
#TNLA