မဲခေါင်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်သား ၂၀၀ ကျော် ရှိလာပြီလို့ ညီနောင် ၃ ဖွဲ့ ပြန်ကြားရေးက ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့က လောက်ကိုင်ဒေသ ကွပ်ကွဲမှု စစ်ဌာနချုပ်-ဒကစ လက်အောက်ခံ တပ်ရင်း (၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ စစ်သား ၁၂၆ ဦးဟာ ညီနောင် ၃ ဖွဲ့ထံ လက်နက်ချ အလင်းဝင်ခဲ့ သလို ပြည်သူ့စစ် တချို့လည်း အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ညီနောင် ၃ ဖွဲ့ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် ၂၀၀ ကျော် ရှိလာပြီ ဖြစ်ပြီး အလင်းဝင်လာသူတွေကို ဆုကြေးငွေ ချီးမြှင့်ကာ လုံခြုံတဲ့ နေရာတွေ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ အနေနဲ့ ပြည်သူဘက်ကို မျက်နှာမူ အချိန်မှီ အလင်းဝင်လာပါက အသက်အန္တရာယ် အထူးကာကွယ်ပေးမှာ ဖြစ်သလို ကျန်းမာရေး စောင့်ရှောင်မှု၊ နေရပ်ပြန်လိုပါက ခရီးသွားလာစရိတ်တွေ ထောက်ပံ့ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007
#MekongNews
#ရှမ်းမြောက်
#လက်နက်ချ_အညံ့
#ညီနောင်_မဟာမိတ်