စစ်ရေးသတင်း

ရှမ်းမြောက်စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ ပြင်ဦးလွင်နယ်စပ်အထိ စစ်မီးကူးစက်လာ

မဲခေါင် 28 Jun - 2024
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဇွန် ၂၈ ရက်နေ့ မနက် ၅ နာရီကတည်းက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း ပြင်ဦးလွင်မြို့အထွက် ဧကတစ်သောင်းခြံကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ဒေသခံအများစုဟာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“သူတို့ မနက်အစောကတည်းက ထဆော်နေလို့ ဝက်ဝံရွာနဲ့ ဘန့်ဘွေးကျင်းရွာကလူတွေ ပြေးနေရတယ်။ မန္တလေးဘက် ပြေးကြတာပေါ့။ နောင်ချိုဘက်ကိုကျတော့ ဝင်လို့မရတော့ဘူးလေ။ တစ်လမ်းလုံးက တိုက်ပွဲ ဖြစ်နေတာ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ပြင်ဦးလွင်မြို့ခံတွေဟာလည်း စိုးရိမ်စိတ်တွေကြောင့် ဗုံးခိုကျင်းကြိုတူးထားကြပြီး ဒီမနက်ပိုင်းကတည်းက မန္တလေးဘက်ကို ကားအစီးရေ ရာနဲ့ချီထွက်ခွါနေကြတယ်လို့ သိရပါတယ်။

“ပါအယ်၊ ထုံးကုန်း၊ ထုံးဘို ဘက်ကလူတွေလည်း ရှောင်ဖို့ ပြင်နေကြပြီ။ တကယ်ဖြစ်ရင် သူတို့ဆီ အရင်ဆုံးရောက်မှာ။ ပြင်ဦးလွင်က ဆိုင်တွေတော်တော်များများ ပိတ်ထားပြီ” လို့ အဝေးပြေးယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ဝက်ဝံစစ်ဆေးရေးဂိတ်နဲ့ စစ်တက္ကသိုလ်(DSA) အကွာအဝေးဟာ ကားနဲ့ နာရီဝက်ခန့်သာ ရောက်ရှိနိုင်ပြီး စစ်ကောင်စီရဲ့ ရာထူးကြီးပိုင်းတွေ နေထိုင်ကြတာကြောင့် ပြင်ဦးလွင်မြို့ကို ဒီနေ့မှာပဲ အင်အားအလုံးရင်းနဲ့ TNLA က ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်နေပြီး ဒေသခံတွေ ပိတ်မိနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား လက်ရှိချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး မြို့ခံပြည်သူ အများစုဟာ
စစ်ရေးသတင်း နည်းပညာသတင်း မြန်မာ့နွေဦး

ဆောင်းပြောင်းနဲ့ ပင်လောင်း၊ ဖယ်ခုံ အနောက်ဖက်တကြောလုံး တိုက်ပွဲတွေ ပြင်းထန်နေဆဲ

ရှမ်းတောင်၊ ပင်လောင်း၊ ဖယ်ခုံတကြော ဆောင်းပြောင်းမှာ စစ်ကောင်စီတပ်၊ PNAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်ဆဲလို့ စစ်မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဧရာဝတီမြစ်ဖျားပိုင်း မိုးအဆက်မပြတ်ရွာတာကြောင့် မြစ်ကြီးနားမြို့ ရေကြီးပြီး စိုးရိမ်ရေမှတ် ဖြစ်နေ

ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ မနေ့ ည ၁၂ နာရီဝန်းကျင်လောက်ကစပြီး ရေအဆမတန် မြင့်တက်လာတာကြောင့် လက်ရှိမှာ စိုးရိမ်ရေမှတ် ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမှာတိုက်ပွဲကြောင့် ကားလက်မှတ်တွေ ၃ သိန်းခွဲထိ မြင့်တက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေဟာ တစ်ခြားမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်တာ‌ကြောင့် ကားလက်မှတ်တွေလည်း ၃ သိန်းခွဲထိ မြင့်တက်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲကို ညလုံးပေါက် လေယာဉ်ဗုံးကြဲနေလို့ နေအိမ် ၁၅ လုံးအထက် မီးလောင်ပျက်စီး

ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ညလုံးပေါက်နီးပါး လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲလို့ ဟိုတယ် ၁ လုံးအပါ နေအိမ် ၁၅ လုံးမက မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်က တရုတ်ငွေလိမ်ဂိုဏ်းဖမ်းမိတဲ့ ချဲထီဒိုင်ချုပ်အိမ်ကို စစ်ကောင်စီ ဖြိုချ

တာချီလိတ်မြို့နယ်၊ မဲခေါင်ရပ်ကွက် ခရိုင်ရဲတပ်ဖွဲ့ရုံးအနီးက တရုတ်ငွေလိမ်ဂိုဏ်းသား ၈၀ ကျော်ဖမ်းဆီးမိတဲ့ နေအိမ်ကို စစ်ကောင်စီဘက်က ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅ ရက်အတွင်း လက်နက်ချ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော်သေဆုံး

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကာလ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်-တောင်ကြီး ခရီးသည်ယာဉ်လိုင်း ဇူလိုင် ၁ ရက်နေ့ စတင် ပြေးဆွဲဖို့ စစ်ကောင်စီ ဖိအားပေး

တောင်ကြီး-လွိုင်ကော်ကို ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို လာမယ့် ဇူလိုင်လ ၁ ရက်ကစပြီး လူနဲ့ကုန်တင်ပြေးဆွဲဖို့ စစ်ကောင်စီက ဖိအားပေး ပြေးဆွဲခိုင်းနေပြီး ပြေးဆွဲခြင်းမရှိပါက ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now