စစ်ရေးသတင်း

ရွှေကျင်က စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ် ၁၀ မိနစ်အတွင်း တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ် လေကြောင်းက တုံ့ပြန်

မဲခေါင် 20 Nov - 2023
ကေအဲန်ယူတပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၊ ဆောထိ (ရွှေကျင်) မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာ ၁၀ မိနစ်အတွင်း စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းက တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံးက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၀

ကေအဲန်ယူတပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၊ ဆောထိ (ရွှေကျင်) မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာ ၁၀ မိနစ်အတွင်း စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းက တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံးက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်၊ မနက် ၅ နာရီခွဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်တွေ စစ်ကောင်စီ ခမရ (၃၅၁) တောင်ခြေ စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KNU က ပြောပါတယ်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲအပြီး ၆၀ မမ စိန်ပြောင်း တစ်လက်၊ ၆၀ မမ ကျည် ၅၃ လုံး၊ RPG–7 ၂၆ လုံး၊ 79 ၁၂ လုံး၊ MA ခွင်းဗုံး ၁၃ လုံး၊ MA ၁၁၂၆ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ M-14 ဗုံး ၉ လုံး၊ RPG–7 ဘလက် ၁၇ ချောင်း၊ ၆၀ မမ ဆိုက် တစ်ခု၊ စကားပြောစက် (MA.3 MA 2008) တစ်လုံး၊ အင်ဗာတာ တစ်လုံး၊ MA ကျည်ဘောက် ၄ ခု၊ ဂျာမန် (CM.3024-z) တစ်လုံး၊ ကျည်ကာ ဦးထုပ် ၉ လုံး၊ ဆိုလာပြား အကြီး ၂ ချပ်၊ အသေး တစ်ချပ်၊ ဖုန်းတစ်လုံး၊ လက်ပစ်ကက် ၆ လုံးတို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်း တိုက်ပွဲ အပြီး စစ်ကောင်စီတပ် အထိုင်စခန်းတွေကနေ ဆောထိမြို့နယ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြိမ်များစွာ ပစ်ခတ်ခဲ့ပြီး လေကြောင်းက ဂျက်ဖိုက်တာ လေယာဉ်နဲ့ ၆ ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်း ပစ်ကူပြီးနောက် စစ်တပ်ဘက်က စစ်ကူတွေ ထပ်မံ ရောက်ရှိလာပြီး ကွင်းဆိပ်ကျေးရွာနဲ့ ကျားချောင်းကျေးရွာ ကြားက ရေပြန်ချောင်းမှာ KNLA ပူပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲနဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလောသိုးခီး (ကျားချောင်း) ကျေးရွာ၊ ထီးခေးလော့ကျေးရွာ၊ ထိုခေးပူ (အောက်ချင်း) ကျေးရွာတွေက လူ ၅၇၂ ဦးအပါအဝင် အနီးအနား ကျေးရွာမှာရှိတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပြီး ဆောထိမြို့နယ်၊ ဝါးတောကြီးကို မနက် ၁၀ နာရီ ဝန်းကျင်မှာ တစ်ကြိမ်၊ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မျာ တစ်ကြိမ်နဲ့ အင်္ဂနီနဲ့ ကျောက်တန်းရွာတွေကို နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာ တစ်ကြိမ် စစ်တပ် လေကြောင်းကနေ လာရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်တန်းရွာက ဦးစိုးသူအောင်၊ ဒေါ်တင်အေးနဲ့ ဒေါ်ခင်ထွေးတို့ရဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ထွေး ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

MK-009

#MekongNews

#KNLA

#လေကြောင်း_တိုက်ခိုက်

#ရွှေကျင်မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now