မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနချုပ်က PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) တပ်သားသစ်ခေါ်ယူမှု ၁၂ နာရီအတွင်း လျှောက်ထားသူ ထောင်ချီရှိတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒီနေ့ ဖေဖော်ဝါရီ ၁၃ မှာ ထုတ်ပြန်ပါတယ်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ကျန်းမာရေးအထူး ကောင်းမွန်သူစတဲ့ အချက် ၇ ချက်ပါတဲ့ တပ်သားတပ်စုဆောင်းမှုကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ခေါ်ယူခဲ့ပြီးနောက် နာရီပိုင်းအတွင်း လျှောက်ထားသူ ထောင်ချီရှိတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ထုတ်ပြန်တာပါ။
ရရှိတဲ့ လျှောက်လွှာတွေကို လုံခြုံရေးနဲ့ အချက်အလက်များ စိစစ်နေပြီး အချက်အလက် မှန်ကန်ခြင်းမရှိတဲ့ လျောက်လွှာများ၊ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိတဲ့ လျှောက်လွှာတွေကိုတော့ ထည့်သွင်းစဥ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လျှောက်လွှာတွေကို စိစစ်ပြီး တပ်သားသစ်ခေါ်ယူနိုင်ရန် စီစဥ်နေတဲ့ အချိန်အတွင်း လျှောက်ထားသူများအနေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေက စစ်မှုထမ်းကြရန် အပြိုင်အဆိုင် ခေါ်ယူနေပါတယ်။
#MeKongNews
#စစ်ကောင်စီ
#ရန်ကုန်တိုင်း
#ထောင်ချီ
လျှောက်ထား