စစ်ရေးသတင်း

မံစီမြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းကုန်းကို KIA က ထပ်မံသိမ်းပိုက်

မဲခေါင် 2 Feb - 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုက်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းကုန်း တစ်နေရာကို ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မနက် ၇ နာရီခွဲ ဝန်းကျင်ခန့်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ထပ်မံရှင်းလင်း သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုက်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းကုန်း တစ်နေရာကို ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မနက် ၇ နာရီခွဲ ဝန်းကျင်ခန့်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ထပ်မံရှင်းလင်း သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ စခန်းသိမ်းတာ မှန်တယ်။ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ည ၇ နာရီ၊ ၈ နာရီလောက်က စစ်ကောင်စီတွေ ထွက်သွားကြတယ်။ ဒီမနက် ကျနော်တို့ သွားကြည့်တဲ့ အချိန် ဘာမှ မရှိတော့ဘူး။ ဆိုတော့ ဒီမနက် ၇ နာရီ ခွဲခန့်မှာ အားလုံး အပြီးအစီး ရှင်းလင်းရေးလုပ်လိုက်တယ်” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်းအဖွဲ့ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်တပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၁ နာရီခန့်က KIA တပ်ရင်း ၂၇ က ဆုတ်ခွာ ထားခဲ့တဲ့ ယခင်က KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ ရဲ့ တပ်စခန်း အဟောင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇၊ တပ်ရင်း ၁၊ တပ်ရင်း ၁၂ ပူးပေါင်း အဖွဲ့က ဒီမနက် ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ်လောက်က ရှင်းခင်း သိမ်းပိုက်လိုက်တာ” လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဒေသအ‌ခေါ် ဘလောင်ဒိန်ဆာ ခေါ် ဘွမ်ရိန်းဘွမ် ဖြစ်ပြီး စစ်ကောင်စီ ခလရ – ၂၅၀ တပ်ရင်းမှူး ဗိုလ်ချုပ် ချမ်းငြိမ်းအောင် ဆိုသူဦးဆောင်တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ 7 Stars သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဘလောင်ဒိန်ဆာဆိုတဲ့ ဘွမ်ရိန်းဘွမ်က နမ့်ခမ်းမြို့ရဲ့ တစ်ဖက်ကမ်း မန်ဝိန်းကြီး ကနေ ကျော်သွားရင် ရောက်တဲ့ တပ်စခန်းနေရာဖြစ်ကြောင်း နမ့်ခမ်း ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

မံစီမြို့နယ်က ကိုက်ထိပ်ရွာရှိ ခမရ ၆၀၂ စစ်ကောင်စီ တပ်စခန်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ည မနက် ၈နာရီခွဲခန့်က KIA နဲ့ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်ဝါရီ ၂၁ ရက်နေ့ကလည်း မံစီမြို့နယ်၊ မန်ဝိန်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်း အဖွဲ့က သိမ်းပိုက်ခဲ့ပါသေးတယ်။

CJ-008

#MeKongNews

#KIA

#မံစီ

#စစ်ကောင်စီ

#စခန်းကုန်း

#သိမ်းပိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now