စစ်ရေးသတင်း

မိုးမိတ်မြို့ လူနေအိမ်တွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး ဒေသခံတွေကို ပစ်ခတ်နေ

မဲခေါင် 1 Jul - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရဲ့ လူနေအိမ်တွေမှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားပြီး ဖြတ်သွားဖြတ်လာမြို့ခံတွေနဲ့ လူနေအိမ်တွေကို ချောင်းမြောင်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရဲ့ လူနေအိမ်တွေမှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားပြီး ဖြတ်သွားဖြတ်လာမြို့ခံတွေနဲ့ လူနေအိမ်တွေကို ချောင်းမြောင်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကစပြီး အထိုင်စခန်းမချတော့ဘဲ လက်ခုတ်သံရပ်ကွက်၊ ပလောင်ကုန်း၊ နမ့်မိတ်တံတား တစ်ဝိုက်က ၃ ထပ်တိုက်အိမ်တွေနဲ့ အ.ထ.က ၃ ကျောင်းတို့မှာ တပ်စွဲထားပြီး လက်နက်ကြီးနဲ့ ချောင်းမြောင်း ပစ်ခတ်နေတာပဲ ဖြစ်ပါတယ်။

“ သူတို့ ပစ်ချင်တဲ့အချိန် ထထပစ်တယ်။ ဘယ်ချိန်ပစ်မလဲ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး။ အဲဘက်တွေဆို ဘယ်သူမှ ဖြတ်မလျှောက်ရဲဘူး။ ၃ ထပ်တိုက်ဘေး မှန်သမျှ ဖြတ်မသွားတာ အကောင်းဆုံးပဲ” လို့ မြို့တွင်း ကျန်ရှိနေဆဲဖြစ်သူ တစ်ဦးက ပြောပါတယ်။

လတ်တလော အနီးတစ်ဝိုက်က မိုးကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့မှာတော့ တိုက်ပွဲမဖြစ်သေးပေမယ့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကတည်းက မြို့ခံအများစုဟာ တိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။

“ သူတို့ အိမ်တွေကို ဝင်လာပြီး တပ်စွဲရင် အိမ်သားတွေကို ဘာမှမလုပ်ဘူး။ တခြားနေရာကိုပဲ ချောင်းပစ်တာ။ ဒါပေမယ့် သူတို့ဝင်နေတဲ့ အိမ်တွေအကုန်လုံး ကြောက်ပြီး ထွက်ပြေးကြပြီ” လို့ မြို့တွင်း ကျန်ရှိနေဆဲဖြစ်သူ တစ်ဦးက ဆက်ပြောပါတယ်။

လတ်တလောမှာ မန္တလေး – မိုးကုတ် လမ်းပေါ်က မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ခံအများစုဟာ ဝေးလံတဲ့ နေရာတွေကို သွားလာရခက်ခဲနေပြီး နီးစပ်ရာတောတွင်းနေရာတွေမှာပဲ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

မနေ့ (ဇွန် ၃၀)ကလည်း မိုင်းမိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကင်းချောင်းစခန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး မကြာမီရက်ပိုင်းအတွင်းမှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်သွားနိုင်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now