စစ်ရေးသတင်း

ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲပြင်းထန်နိုင်လို့ ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင်ဖို့ KNDF သတိပေး

မဲခေါင် 25 Nov - 2023
ရှမ်း- ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင်ကြဖို့ KNDF တပ်ရင်း-၁၁ (ဖယ်ခုံ) သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုဂျိုးဇက် က မဲခေါင်သတင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၅

ရှမ်း- ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင်ကြဖို့ KNDF တပ်ရင်း-၁၁ (ဖယ်ခုံ) သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုဂျိုးဇက် က မဲခေါင်သတင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

မနေ့ ညပိုင်းမှာ ဖယ်ခုံမြို့နယ်၊ ကွမ်လုံ နဲ့ လဝှဲကျေးရွာဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ် အထိနာပြီး ပြန်ဆုတ်သွားတာကြောင့် တန်ပြန် လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်မှာ စိုးရိမ်လို့ အခုလို ရွှေ့ပြောင်းခိုင်းတာလို့ ဆိုပါတယ်။

“ မနေ့ညက စစ်ကောင်စီက တပ်အပြင်ထွက်ပြီး မိုးဗြဲဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်။ အဲ့တော့ ကွမ်လုံနဲ့ လဝှဲ ကြားမှာ ကျွန်တော်တို့နဲ့ ထိပ်တိုက် တိုက်ပွဲ ၄၅ မိနစ် လောက်ဖြစ်တယ်။ အဲဒါကြောင့် ရှောင်ခိုင်း ထားတာပါ” လို့ ကိုဂျိုးဇက် ကရှင်းပြပါတယ်။

မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ခေါင်းမှိုင်း၊ ကွမ်လုံ၊ လဝှဲ၊ ဂျေရောဗလို စတဲ့ ကျေးရွာ ၄ ရွာက ပြည်သူတွေ အရေးပေါ် ပြောင်းရွှေ့ပေးဖို့ KNDF က မေတ္တာရပ်ခံထားတာဖြစ်ပြီး လက်ရှိ ပြောင်းရွှေ့ပြီး ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဖယ်ခုံမြို့ပေါ်က ပြည်သူတွေ အနေနဲ့ အရေးပေါ် ပြောင်းရွှေ့ဖို့ မလိုသေးပေမဲ့ စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် လက်ရှိ အခြေအနေ တည်ငြိမ်နေစဥ် တဖြည်းဖြည်း ပြောင်းရွှေ့သင့်တယ်လို့ ဒေသ အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူ တစ်ဦးက သုံးသပ်ပါတယ်။

“ ကရင်နီ ၁၁၁၁ စစ်ဆင်ရေး” တစ်စိတ်တစ်ပိုင်း အဖြစ် လွိုင်ကော်နဲ့ မိုးဗြဲမြို့မှာ လက်ရှိ မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

MK-007

#MeKongNewsဖယ်ခုံမြို့နယ်

#KNDF

#ကရင်နီ၁၁၁၁စစ်ဆင်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now