စစ်ရေးသတင်း

နောင်ချိုမြို့တွင်းကို TNLA တပ်တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေက မြို့ပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်

မဲခေါင် 26 Jun - 2024
ရှမ်းမြောက်၊ နောင်ချိုမြို့ကို ယနေ့ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီအထိ ရရှိတဲ့မြေပြင်သတင်းအရTNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

(ရှမ်းမြောက် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့ နေ့လည်ပိုင်း တိုက်ပွဲအခြေအနေ)

မဲခေါင်၊ ဇွန် ၂၆

(နောင်ချိုမြို့အခြေအနေ)

ရှမ်းမြောက်၊ နောင်ချိုမြို့ကို ယနေ့ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီအထိ ရရှိတဲ့မြေပြင်သတင်းအရTNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

မနေ့ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့နောင်ချိုမြို့တိုက်ပွဲမှာ TNLA တပ်ဖွဲ့တွေက မြို့ရဲ့အဓိကနေရာတွေဖြစ်တဲ့ ဆေးရုံ၊ မီးသတ်၊ မိုးဇလနဲ့ စစ်ကောင်စီတွေတပ်စွဲထားတဲ့ ပြည်ထောင်စုလမ်းမဘေးက စစ်မှုထမ်းဟောင်းရုံးနဲ့ ရဲစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ အတည်ပြုနိုင်ပါတယ်။

သို့သော်လည်း နောင်ချိုမြို့ကို အဓိကထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနောက်ဘက် ၁ မိုင်ခန့်အကွာက ခမရ ၁၁၄ ၊ ၁၁၅ နဲ့ မြို့တောင်ဘက် ၂ မိုင်ခန့်အကွာက အမြောက်တပ်စု ၆၀၆(ဒုံးတပ်) တို့ကိုတော့ ယနေ့မနက်ထိ တိုက်ခိုက်နေဆဲလို့ ဆိုပါတယ်။

“ အဲတပ်တွေက ဘူတာနဲ့စျေးရပ်ကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၃ ဦးထိတယ် သိရတယ်၊ ၂ ဦးသေတယ်လို့လဲ ကြားတယ်၊ မြို့ခံတွေကတော့ ကံကြီးဘက်ကို ရှောင်နေကြတာ ဘယ်ဘက်မှ ထွက်လို့မရဘူးဖြစ်နေတာ” လို့ နောင်ချိုဒေသခံ အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။

(ကျောက်မဲမြို့ အခြေအနေ)

ကျောက်မဲမြို့ဘက်မှာတော့ မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ကာ မနက် ၁၁ နာရီအထိ ရဲစခန်းကို တိုက်ခိုက်နေဆဲလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ မနက် ၁၀ နာရီအတွင်း သွားလာခွင့်ပြုတာကြောင့် မြို့သူမြို့သားတွေ စျေးတွေ၊ ဆေးတွေ လိုအပ်တာတွေ အားလုံးထွက်ဝယ်ကြတယ်၊ ဆိုင်တွေကတော့ တံခါးလှပ်ပြီးရောင်းပေးတာပေါ့၊ အသုဘတောင် ၁၀ နာရီအတွင်းအပြီးချဖို့ပြောတယ်၊ ပရဟိတအသင်းတွေကိုတော့ လူနာ၊ လူမမာကိစ္စတွေ ရှိရင် သွားလာခွင့်ပြုထားတယ်လို့ဆိုတယ်” လို့ ကျောက်မဲအခြေစိုက် ပရဟိတအသင်း ဥက္ကဌ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

TNLA ရဲ့ ယနေ့ ဇွန်လ ၂၆ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့အမြောက်တပ်ကုန်း -၃၅၂ တပ်ရင်းနဲ့ စခန်းသာတို့ကို မနက်၅း၄၇ အချိန်က တိုက်ပွဲဖြစ်ပွားနေပြီး ၆း၃၀ အချိန်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပါရှိပါတယ်။

ယင်းအမြောက်တပ်ရင်း ၃၅၂ မှာ တပ်ရင်းအနေနဲ့မရှိတော့ဘဲ မြစ်ကြီးနားဘက်ကို ပြောင်းရွှေ့သွားပြီးနောက် ယင်းတပ်ရင်းနေရာမှာ စစ်ကောင်စီရဲ့ လှုပ်ရှားတပ်များက အလှည့်ကျနေရာယူနေခဲ့တာဖြစ်လို့ တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာဖြစ်မယ်လို့ ဒေသခံကပြောပါတယ်။

(သီပေါမြို့အခြေအနေ)

သီပေါမြို့ဘက်မှာတော့ မနက်ပိုင်း ၇နာရီခန့်က လက်နက်ကြီးသံ ၃ ချက် ကြားရပြီးနောက် မနက် ၁၀ နာရီခန့်မှာ နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှု ၁၅ လုံးခန့်ကြားရပြီး လက်နက်ငယ်သံများ သီပေါတံတားဖက်မှာ အတွဲလိုက်ပစ်ခတ်နေသံကြားနေရတယ်လို့ သိရပါတယ်။

“ တံတားမှာ ပါတဲ့ ရဲတစ်ယောက်ပြောတာတော့ သီပေါတံတားကို လက်နက်ကြီးတွေနဲ့ ပစ်ခံနေရတယ်လို့ပြောတယ်၊ ခလရ ၂၃ ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်၊ မြို့ထဲ လက်နက်ကြီး ၄ လုံးကျတာ ထိမှာစိုးလို့အပြင်မထွက်ရဲဘူး၊ ဘာတွေထိပြီး ဘာတွေပျက်မှန်းမသိရဘူး၊ ဌာနဆိုင်ရာတွေ ရုံးပိတ်သိမ်းတာတွေရှိပေမယ့် ထွက်ခွာခွင့်တော့မပေးသေးဘူး၊ မီးလာမလာတာ မနေ့ကနေ ခုထိပဲ၊ ဖုန်းလိုင်းတွေလဲသိပ်မကောင်းတော့ဘူး” လို့ သီပေါက ဌာနဆိုင်ရာ Non-CDM တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်အခြေအနေမှာတော့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေမှာတိုက်ပွဲတွေ ဖြစ်ပွားနေပြီး TNLA နဲ့PDF တွေက နောင်ချိုမြို့ပေါ်ကို ထိန်းချုပ်နိုင်ကာ ကျောက်မဲမှာ မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေပြီး သီပေါမှာတော့ မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

TNLA ဘက်မှာ မိုးကုတ်ဗျူဟာတပ်ရင်း ၄ ရင်းနဲ့ မန္တလေး PDF တွေအပြင် ယနေ့မှာတော့ ရှမ်းပြည်မြောက်ပိုင်းမဟာမိတ်တပ်ရင်းNorthern Shan State Alliance Army(N.S.S.A.A) က TNLA နဲ့လက်တွဲပြီး စစ်ဆင်ရေးဖော်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီတပ်က WFP ဆန်ဂို‌ဒေါင်ကို ဖောက်ထွင်း ခိုးယူနေတဲ့ ရုပ်သံကို AA ထုတ်ပြန်လာတဲ့အပေါ် ဇော်မင်းထွန်းက ဒေသခံတွေကို ဝေပေးဖို့အတွက် ဖောက်ထွင်းတာလို့ တုန့်ပြန်

ရခိုင်ပြည်၊ မောင်းတောမြို့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ဆန်ဂိုဒေါင်ကို စစ်ကောင်စီတပ်တွေက ၂၁ ရက်နေ့က ဖောက်ထွင်းလုယူခဲ့တယ်လို့ ရခိုင်တပ်တော်(AA)က ဇွန်လ
ဒေသတွင်းသတင်း

တာချီလိတ်က မိတ္တူဆိုင်အလုပ်သမ ထိုင်းဘတ်ငွေ ၃၆ သိန်း လိမ်လည် ထွက်ပြေး

ရှမ်းအရှေ့၊ တာချီလိတ်မြို့က မိတ္တူဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမ တစ်ဦးက ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၃၆ သိန်း(မြန်မာငွေကျပ် တန်းဘိုး သိန်း ၃၆ဝဝကျော်)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီဒေသမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များနေ

ကရင်နီပြည်မှာ မိုးရာသီကာလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ များနေပြီး ဆေးဝါးအခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီရဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးလွတ်ကင်းရာ ပြည်သူ ၄ သောင်း စစ်ရှောင်နေရ

ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ် ၉ ရပ်ကွက်က မြို့ပေါ်နေ ပြည်သူ ၄ သောင်းခန့်ဟာ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနီးအနားနဲ့ လွတ်ကင်းရာနေရာတွေကို ယနေ့ဇွန် ၂၈ ရက် မနက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ ပြင်ဦးလွင်နယ်စပ်အထိ စစ်မီးကူးစက်လာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့နယ်အစပ်၊ ဝက်ဝံကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နဲ့ နယ်မြေရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က စတင်ထိုးစစ်ဆင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက ခမရ-၁၁၅ ကို လက်နက် ၃၈၀ ကျော်နဲ့ သိမ်းဆည်းရမိ

ရှမ်းမြောက်၊ နောင်ချိုမြို့က စစ်ကောင်စီတပ် ခမရ-၁၁၅ ကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီလက်နက် မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရှိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုမြို့မရဲစခန်းကို TNLA က ဝင်ရောက်သိမ်းပိုက်ရာ မူးယစ်ဆေးနဲ့ လိုင်စင်မဲ့ကား ၂ စီး သိမ်းဆည်းရမိ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က မနေ့ ဇွန် ၂၇ က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံရွာနဲ့ မြိုင်နယ်က သံဃာတော်တွေပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို ပူးပေါင်းပါဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တွေက သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုမှာ ဒီကနေ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ကံဆောင်ဆရာတော်တွေကမိန့်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now