စစ်ရေးသတင်း

တောင်ငူခရိုင်အတွင်းက စစ်ကောင်စီစခန်းတွေ ဆုတ်ခွာပြီး နောက်တန်းစခန်းမှာ ခံစစ်ပြင်

မဲခေါင် 29 Jan - 2024
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၂ နယ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်အတွင်းမှာ ၂၈ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေ ဇန်န၀ါရီ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ ဆုတ်ခွာသွားကြတယ်လို့ KNU က ဒီနေ့ ဇန်န၀ါရီ ၂၇ မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်န၀ါရီ ၂၉

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၂ နယ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်အတွင်းမှာ ၂၈ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေ ဇန်န၀ါရီ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ ဆုတ်ခွာသွားကြတယ်လို့ KNU က ဒီနေ့ ဇန်န၀ါရီ ၂၇ မှာ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၀) လက်အောက်မှာရှိတဲ့ ခမရ-၅၂၈ နဲ့ ခမရ-၅၃၉ တပ်စခန်းတွေဟာ ထီးတော်ပယ်၊ ဘူဆာခီးနဲ့ သီးမူပေါ်စိုးစခန်းတွေကို စစ်ကောင်စီတပ်ဟာ စွန့်ခွာသွားကြပြီး နောက်တန်းစခန်းတွေမှာ အင်အားပြန်လည်စုစည်းနေတယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

“ရိက္ခာဖြတ်တောက်ခံရလို့ ပြန်ဆင်းတာကတကြောင်းပေါ့။ “၁၀၂၇” “၁၁၁၁” စစ်ဆင်ရေးတွေရဲ့ နောက် ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများပိုမိုဖော်ဆောင်လာနိုင်တဲ့ အတွက် မြို့တွင်းနောက်တန်းစခန်းများမှာ အင်းအားပြန်လည်စည်းရုံးတာလည်း ပါနိုင်တယ်” လို့ KNU ရဲ့ တောင်ငူခရိုင်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစွန့်သွားတဲ့ အဲ့ဒီ့စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၄)နဲ့ တပ်မဟာအထူးတပ်ဖွဲ့တို့က ဇန်န၀ါရီ ၂၀ ရက်နေ့မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ့စခန်းတွေကို KNLA နဲ့ KNDO တို့က လနှင့်ချီ ရိက္ခာဖြတ်တောက်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ စွန့်ခွာသွားကြတာပါ။

ဘူဆာခီးစခန်းကို ရိက္ခာလာပို့တဲ့အဖွဲ့ကို ၂၀၂၃ ခုနှစ်၊ မေလမှာ KNU တပ်မဟာ ၂ က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မြေပြင်က ရိက္ခာပို့မရတော့ဘဲ လေကြောင်းကနေသာ ရိက္ခာပို့ရတဲ့ စခန်းဖြစ်ပါတယ်။

အဲ့ဒီ့စခန်းတွေဟာ ၁၉၉၅ ခုနှစ်၊ နို၀င်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ၀င်ရောက်တပ်စွဲခဲ့တဲ့ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဘောဂလိကြီးရွာဘက်ကို ထွက်ပြေးသွားပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

#MeKongNews

#စစ်ကောင်စီ

#စွန့်ခွာ

#ခံစစ်

#နောက်တန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now