စစ်ရေးသတင်း

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦး တိုက်ပွဲမှာသေဆုံး

မဲခေါင် 19 Jun - 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်၊ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကောင်စီက စစ်ကြောင်ထိုးလာလို့ မနေ့က ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်၊ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကောင်စီက စစ်ကြောင်ထိုးလာလို့ မနေ့က ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပြီး မနက် ၉ နာရီကနေ ၁၁ နာရီအထိ အချိန် ၂ နာရီကြာခန့် တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ လွယ်မောတောင်ဒေသက စာသင်ကျောင်းတွေမှာ တပ်စွဲတာတွေပြုလုပ်နေလို့ ကလေးငယ်တွေ ကျောင်းတက် ပညာသင်ကြားဖို့ ခက်ခဲနေတဲ့အပြင် ရပ်ရွာတွေအတွင်းတပ်စွဲပြီး ပြည်သူတွေကို အသားဟင်းနဲ့ထမင်းချက်ခိုင်းတာတွေ ထမင်းထုပ်ပို့ခိုင်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“ တောထဲတောင်ထဲအထိ စစ်ကြောင်းထိုးလာတော့လဲ တိုက်ပွဲဖြစ်တာပေါ့၊ သူတို့ဘက်က ၃ ဦးသေတာတွေ့ရတယ်၊ ပြီးတော့ လက်နက်ကြီးတွေကို ရွာထဲမှာထားပြီး ရမ်းသမ်းပစ်ခတ်နေတော့ စိုက်ပျိုးချိန်မှာ ဒေသခံတွေ လုပ်ငန်းခွင်မဝင်နိုင်ကြဘူး” လို့ PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ရွာအပြင်၊ တောင်ယာတွေမှာတွေ့ရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလို့ သတ်မှတ်ပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားလို့ စိုက်ပျိုးရာသီဖြစ်ပေမယ့် စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းကနေ ကရင်နီဘက် မေလနဲ့ ဇွန်လအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေရှိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့နားထိ တိုက်ပွဲတွေကပ်လာပြီး ကိုးကန့် MNDAA တပ်က နမ့်ပေါင်တံတားကိုထိန်းချုပ်ထား

ရှမ်းမြောက်၊ လားရှိုးမြို့အပြင် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး MNDAA ကိုးကန့်တပ်တွေက နမ့်ပေါင်တံတားထိ ထိန်းချုပ်လိုက်နိုင်နေပြီလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်တောင်ဈေး ပြန်ဖွင့်ပေမယ့် မြို့ခံတွေအတွက် အဆင်ပြေမှုမရှိသေး

ကရင်နီပြည်၊ လွိုင်ကော်မြို့ တောင်ဈေး (သီရိမင်္ဂလာဈေး)ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂ မှာပဲ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သီပေါမှာ လောင်စာဆီ ကန့်သတ်ချက်နဲ့ ဝယ်ယူနေရ

ရှမ်းမြောက် သီပေါမြို့နယ်တွင် ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ဓာတ်ဆီကို တစ်ဦးလျှင် ၃ သောင်းကျပ်ဖိုးသာ ရောင်းချပြီး လူရာနဲ့ချီ တန်းစီ စောင့်ဝယ်ယူနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းတိုက်ပွဲကြောင့် စိုက်သူနည်းတဲ့အတွက် ဂေါ်ဖီထုပ်တွေဈေးကောင်းရနေ

ဂေါ်ဖီအများဆုံးစိုက်ပျိုးတဲ့ ပင်လောင်းဒေသမှာ ဒီနှစ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်တောင်သူနည်းပါးပြီး ဝယ်လိုအားများနေတာကြောင့် ဂေါ်ဖီဈေးနှုန်းမြင့်တက်နေတာလို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now