စစ်ရေးသတင်း

ဆီဆိုင်မြို့ကို သိမ်းပိုက်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းပုံတွေ PNLA က ထုတ်ပြန်

မဲခေါင် 29 Jan - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် - PNLA က သိမ်းပိုက်ထားပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းပုံတွေကို PNLA က ဒီနေ့ ဇန်န်ဝါရီ ၂၈ရက်မှာ ထပ်မံထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA က သိမ်းပိုက်ထားပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းပုံတွေကို PNLA က ဒီနေ့ ဇန်န်ဝါရီ ၂၈ရက်မှာ ထပ်မံထုတ်ပြန်ပါတယ်။

ပအိုဝ်းစော်ဘွားတွေ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွားခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ ဆီဆိုင်မြို့ကို PNLA က နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီးနောက် ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း စတင်လွင့်ထူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပအိုဝ်းဒေသအတွင်းမှာ ပြည်သူတွေလွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရေး PNLAက လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီး စစ်ကောင်စီနဲ့ သူရဲ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် – PNO က ဆီဆိုင်မြို့နယ်နဲ့ ပအိုဝ်းကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ အဝေးကနေ လက်နက်ကြီးပစ်တာတွေ မနေ့က တစ်နေလုံး လုပ်ဆောင်နေတယ်လို့ PNLA က ဆိုပါတယ်။

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာဖြစ်တဲ့ ကောင်းဗွာဘုန်းတော်ကြီးကျောင်း၊ ဆီဆိုင်မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နဲ့ ဒေသခံပြည်သူလူထုရဲ့ နေအိမ် အများအပြားပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စကစက ပအိုဝ်းမြို့၊ ပအိုဝ်းကျေးရွာတွေကို အကာအကွယ်ယူပြီး ပအိုဝ်းမြို့၊ ပအိုဝ်းကျေးရွာတွေကို ပြန်လည်ပစ်ခတ်ဖျက်စီးခြင်းဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး PNO – ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်​တွေ အနေနဲ့ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေတဲ့ အသုံးချခံဘဝက​နေ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်ကို အမြန်ဆုံး ကူးပြောင်းရပ်တည်ကြရန်လည်း ထပ်မံပြီး အထူးတိုက်တွန်းပါတယ်လို့ ဆိုထားပါတယ်။

ဆီဆိုင်မြို့မှာ ဟိုခဲရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မြကန်သာရပ်ကွက်၊ သီရိရပ်ကွက်၊ အောင်သပြေရပ်ကွက်နဲ့ အောင်ချမ်းသာရပ်ကွက်ဆိုပြီး ရပ်ကွက် ၆ ခု ရှိကာ လူဦးရေ ၁၅၀၀၀ ကျော်နေထိုင်တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ မြို့မှာ ဖုန်းလိုင်း၊ မီးလိုင်းတွေ အဖြတ်ခံထားရပြီး စစ်ဘေးမပြေးနိုင်သူတွေနဲ့ အိမ်စောင့်အနည်းငယ်လောက်ပဲ မြို့တွင်းမှာ ရှိနေတယ်လို့သိရပါတယ်။

MK – 012

#MeKongNews

#ဆီဆိုင်မြို့

#PNLA

#ကောင်းဗွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now