စစ်ရေးသတင်း

ဆီဆိုင်မြို့ကို စစ်တပ်နဲ့ ပြည်သူ့စစ် လက်နက်ကြီးတွေနဲ့ ပစ်၊ PNLA က ဖမ်းမိသူများကို ပအိုဝ်းအချင်းချင်းဖြစ်လို့ အသက်ရှင်ခွင့်ပေး

မဲခေါင် 29 Jan - 2024
စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေ ဆီဆိုင်မြို့ကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ လုံခြုံမှုအားနည်းနေတာကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်သေးဘဲ ဘေးကင်းလုံခြုံရာမှာ ယာယီခိုလှုံနေကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေ ဆီဆိုင်မြို့ကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ လုံခြုံမှုအားနည်းနေတာကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်သေးဘဲ ဘေးကင်းလုံခြုံရာမှာ ယာယီခိုလှုံနေကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ယင်းအတွက် မိဘပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ဆီဆိုင်မြို့တွင်းကို ဝင်ရောက်တာ၊ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းတွေပြန်သယ်တာတွေ မလုပ်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာ၊ မီးလောင်ဗုံးနဲ့တိုက်ခိုက်တာတွေကြောင့် ဆီဆိုင်မြို့တွင်းက ပြည်သူပိုင်အိုးအိမ်စည်းစိမ်တွေ မီးလောင်ပျက်စီးခဲ့ရကာ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံခိုးယူနေတဲ့ သူခိုး ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအတိုင်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ တစ်ဦးက “ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ သူခိုး ဓါးပြတွေကို ရဲက မဖမ်းဘဲနဲ့ သူပုန်တွေက ဖမ်းပေးနေရတယ်။ သူပုန်တွေကပဲ ပြည်သူကို အကာအကွယ် ပေးနေတယ်” လို့ ပြောပါတယ်။

လုံခြုံရေးဆောင်ရွက်နေတဲ့ PNLA စစ်ကြောင်းကိုလည်း ချောင်းမြောင်းပစ်ခတ်ဖို့ စောင့်နေတဲ့ စစ်ကေင်စီ လက်အောက်ခံ ပြည်သူ့စစ်၃ ဦးကို M22 သေနတ် ၁ လက်၊ မူးယစ်ဆေး ကျည်ဆံတွေနဲ့ ဖမ်းဆီးရမိခဲ့တာမှာ ပအိုဝ်းအချင်းချင်းတိုက်ခိုက်မှာ မဟုတ်တဲ့အတွက် အသက်ရှင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်လက်အောက်ကရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် အမြန်ဆုံး ကူးပြောင်းကြဖို့လည်း ထပ်မံကာ အထူးတိုက်တွန်းတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကြောင့် ပြည်သူတွေ ထိခိုက်နိုင်တာကို သိရှိနားလည်းပါသော် လည်း ပိုမိုဆိုးရွားတဲ့ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေ ကို မစတေးနိုင်တာဖြစ်လို့ အခုနည်းလမ်းကို ရွေးချယ်ရတာလို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။

တန်းတူညီမျှရေး အပြည်အ၀အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းတဲ့ လူမှုဘဝကို တည်ဆောက်နိုင်ရေးလက်ရှိအခြေအနေကို ပြည်သူများက နားလည်ပေးကြပါရန်အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။

MK – 012၊ CJ-007

#MeKongNews

#PNLA

#စစ်ကောင်စီ

#ဆီဆိုင်

#ဖမ်းမိ

#ပအိုဝ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်က ရွာလုံးကျွတ် လျှပ်စစ်မီးပေး

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက လျှပ်စစ်မီးမရရှိသေးတဲ့ ရွာတစ်ရွာကို ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ရွာလုံးကျွတ် လျှပ်စစ်မီးပေးနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်မှုမထမ်းချင်လို့ ထွက်ပြေးသူကိုယ်စား ရွာက ကျပ်သိန်း(၁၀၀)လျှော်ကြေးပေးရပြီး သံဃာတွေကိုပါ လူဝတ်လဲပြီး SSPP က စစ်မှုထမ်းခိုင်းနေ

ရှမ်းတောင်မိုင်းကိုမြို့နယ်က နောင်စံဖူးအုပ်စုထဲမှာစစ်မှုထမ်းတဲ့ အမျိုးသားနှစ်ဦးဟာထွက်ပြေးခဲ့တာကြောင့် ကျေးရွာကို SSPP တပ်ဖွဲ့က ကျပ်သိန်း ၁၀၀ တောင်းတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

အင်းလေး PDF က ကျဆုံးတဲ့ တပ်ဖွဲ့ဝင် ၂ ဦးအတွက် အောက်မေ့ဖွယ် အခန်းအနား ကျင်းပပြီး ကျည်ကာဦးထုပ်အတွက် ကမ်ပိန်း ပြုလုပ်

ကယား(ကရင်နီ)ပြည် အခြေစိုက် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ တပ်ရင်း (IPDF)က ကျဆုံးသူ တပ်ဖွဲ့ ၂ ဦးအတွက် ဧပြီလ ၁၁ ရက်နေ့က အောက်မေ့ဖွယ် အခန်းအနား

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း သုံးရက်ကြာအလံတိုင်တဝက် လွှင့်ထူရန် NUG အမိန့်ထုတ်

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA ) စစ်ဦးစီးချုပ် R ခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနဲ့ တိုင်း၊ပြည်နယ်၊ခရိုင်၊မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအားလုံးက မေလ ၁၄ ရက်ကနေ ၁၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖားဆောင်းက စစ်ကောင်စီကာကင်းစခန်းတစ်ခု ကရင်နီတော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်

ကရင်နီပြည်၊ ဖားဆောင်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၅ ကာကင်းစခန်းကုန်းတခုကို မေလ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ ပြည်သူ့စစ်က မော်တော်ယာဉ်တွေကို အခွန်ကောက်လို့ ဒေသခံတွေက အခက်ကြုံ

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုမှာ ပအိုဝ်းပြည်သူ့စစ်(PNA)က အခု တစ်ပတ်အတ္ငင်း မော်တော်ယာဉ်တွေကို အခွန်ကောက်ခံနေပြီး စိုက်ပျိုးရာသီ နီးကပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီတပ် ပြန်တပ်စွဲတဲ့ မံစီရဲစခန်းနဲ့ နေရာတချို့ကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့က စစ်ကောင်စီ ရဲစခန်းနဲ့ တချို့ စစ်ကောင်စီနေရာ တချို့ကို ယမန်နေ့ မေလ ၁၃ ရက်‌ည‌နေပိုင်းမှာ KIA ပူးပေါင် တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ သံတိုသံစခိုးယူသူတွေကို ၇၅ သိန်းနဲ့ စစ်ကောင်စီက လေလံဆွဲခွင့်ပြု

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာ တိုက်ပွဲကြောင့်ပျက်စီးခဲ့တဲ့ သံတိုသံစ တွေကို စစ်ကောင်စီက တရားဝင်ခိုးခွင့်ပြုထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now