စစ်ရေးသတင်း

ဆီဆိုင်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ မြို့လူထု စစ်ဘေးရှောင်

မဲခေါင် 25 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဇန်နဝါရီ ၂၃ ရက်ညမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ မြို့လူထုတွေ နီးစပ်ရာ မြို့တွေကို စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတစ်ဦး က သိရပါတယ်။

မဲခေါင် ၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဇန်နဝါရီ ၂၃ ရက်ညမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ မြို့လူထုတွေ နီးစပ်ရာ မြို့တွေကို စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတစ်ဦး က သိရပါတယ်။

ညက လေယာဉ်နဲ့ ဗုံးသုံးလုံးချတယ်၊ မြကန်သာ ရပ်ကွက်က နေအိမ်တစ်လုံးနဲ့ မူလတန်းစာသင်ကျောင်း မီးလောာင်သွားတယ်၊ ခုချိန်ထိနှစ်ဖက်ထိတွေ့တိုက်ပွဲမရှိ ၊ ရဲစခန်းနဲ့ ဂိတ်တွေကိုတော့ PNLA က သိမ်းထားပြီ၊ ကျနော်လဲ ဆီဆိုင်ကတောင်ကြီးဖက် ထွက်လာပြီလို့ဆီဆိုင်အောင်ချမ်းသာရပ်ကွက်နေ ဒေသခံ က မဲခေါင်ကို ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီ စခန်းတွေကို မီး ရှို့ပြီး နောက် ဆီဆိုင်မြို့နေ ပြည်သူတွေ ယနေ့မနက် ၉ နာရီ နောက်ဆုံးထားထွက်ခွာဖို့ ပြောနေတယ်လို့လဲ သိရပါတယ်။

အခုအချိန်မှာ ခုတင် ၅၀ ဆန့် ဆီဆိုင်ဆေးရုံလဲ မနေ့ကတဲက ပိတ်သွားပြီး ဆရာဝန်၊ ဆရာမတွေလဲ မရှိတော့လို့ လူနာတွေလဲ တောင်ကြီးဖက်ကို သွားရောက်နေရတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

ဆီဆိုင်က တောင်ကြီးလမ်း အနီးဆုံး ဟိုပုံးမှာလည်း ည ၈ နာရီခွဲလောက်ကတည်းက ကိုယ်ပိုင်စာသင်ကျောင်း လုံခြုံရေးအရကျောင်းပိတ်လို့ ကလေးတွေ အိမ်ကို ပြန်ပို့နေသလို ဒေသရုံးက ဝန်ထမ်းအိမ်တွေလဲ ဒေသဝန်းထဲ မနေရဲလို့ ရွှေ့ကုန်တယ်၊ PNA တွေ ကားတွေနဲ့ မြို့ထဲလှည့်နေတာတွေရှိပြီး မြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်စခန်းတွေဖွင့်ဖို့ ဆရာတော်တွေ လုပ်ဆောင်နေတယ်လို့ ဟိုပုံးဒေသခံတစ်ဦးထံကသိရပါတယ်။

ယနေ့နံနက်ပိုင်းတွင် ဆီဆိုင် တောင်ကြီးကားလမ်းပေါ်မှာ ဆီဆိုင်ဖက်ကလာတဲ့ စစ်ရှောင်တွေ ကားတွေ ဆိုင်ကယ်တွေ အပြည့်ရှိနေတယ်လို့ စစ်ဘေးရှောင်တစ်ဦး ထံက သိရပါတယ်။

PNLA ကတော့ မနေ့က ရက်စွဲနဲ့ ယင်းတို့ တပ်မတော်ဟာ လက်ရှိကာလ လုံခြုံမှုအားနည်းနေတဲ့ ပအိုဝ်းဒေသကို လူဆိုး သူခိုး ဓားပြရန်ကကာကွယ်ဖို့ လုံခြုံရေးလှုပ်ရှားမှုပြုလုပ်နေခြင်းသာဖြစ်တယ်လို့ ပြည်သူတွေကို အသိပေးချက် တစ်စောင်ထုတ်ပြန်ထားပါတယ်။

MK-012

#MekongNews

#ဆီဆိုင်

#လေယာဉ်

#ဗုံးကြဲ

#လူထု

#စစ်ဘေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now