မဲခေါင်၊ မတ် ၁
ရခိုင်ပြည်နယ်၊ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အမြင့်ကျွန်းတံတားထိပ် ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ သံချပ်ကာကား ၂ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ AA က ဒီနေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်အသိပေးထားပါတယ်။