စစ်ရေးသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်နဲ့ ဝန်ထမ်းတွေ လက်နက်ချ အလင်း၀င်ဖို့ MNDAA ပြင်းပြင်းထန်ထန် သတိပေး

မဲခေါင် 28 Oct - 2023
ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေး ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ လက်နက်ချ အလင်းဝင်ရမယ်လို့ ကိုးကန့်တပ် MNDAA က ဒီကနေ့ ပြင်းပြင်းထန်ထန် သတိပေး ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၈

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေး ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ လက်နက်ချ အလင်းဝင်ရမယ်လို့ ကိုးကန့်တပ် MNDAA က ဒီကနေ့ ပြင်းပြင်းထန်ထန် သတိပေး ထုတ်ပြန်လိုက်ပါတယ်။

သတိပေးတဲ့ အတိုင်း လက်နက်ချ အလင်းဝင်ရောက်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်မှာ ဖြစ်ပေမယ့် ဆက်လက် ဆန့်ကျင်တဲ့ သူတွေကိုတော့ ပြင်းထန်စွာ အရေးယူမယ်လို့ MNDAA က ပြောပါတယ်။

“စစ်သုံ့ပန်းအား ဂရုတစိုက် စောင့်ရှောက်ရေး” ဆိုတဲ့ မူဝါဒဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတွက်ပါ အကျုံးဝင်တဲ့ အတွက် လက်နက်ချပြီး အလင်းဝင်ရောက်လာရင် စစ်သုံ့ပန်း မူဝါဒကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဒဏ်ရာရသူများကို ကောင်းမွန်စွာ ကုသပေးမယ်လို့ MNDAA ကပြောပါတယ်။

ဒါကြောင့် MNDAA ထံ ကိုယ့်အသိစိတ်နဲ့ကိုယ် အပြစ်ဝန်ခံဖို့ လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့များ၊ စစ်သား ရဲနဲ့ အုပ်ချုပ်ရေး ဝန်ထမ်းများကို လှိုက်လှဲစွာ ကြိုဆိုတယ်လို့ MNDAA ကဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ အဆင့်ဆင့်သော အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းတာဝန်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာနဲ့ ငွေကြေးတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားရမှာဖြစ်ပြီး အဲ့ဒီ သက်သေခံ ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရင် ပြင်းထန်စွာ အရေးယူမယ်လို့ MNDAA ရဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ကာကွယ်ပေးတာ၊ ဝှက်ထားပေးတာ၊ ထွက်ပြေး လွတ်မြောက်အောင် ကူညီပေးတာ လုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း MNDAA ကပြောပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ သတိပေးစာဟာ ဒီကနေ့မှစပြီး စစ်ရေးအုပ်ချုပ်မှု ကာလ ပြီးဆုံးတဲ့အထိ အာဏာတည် အကျုံးဝင်တယ်လို့ MNDAA က ထုတ်ပြန် ပြောဆိုထားပါတယ်။

CJ-002

#MekongNews

#ကိုးကန့်

#ပြည်သူ့စစ်

#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now