စစ်ရေးသတင်း

ဂန့်ဂေါနယ် ကန်ရွာရဲစခန်းကို စစ်တပ် စွန့်ခွာ၊ ဖျားနာလို့ စစ်တပ် စွန့်ပစ်ခဲ့တဲ့ ရဲဒုတပ်ကြပ် PDF ထိန်းသိမ်း

မဲခေါင် 29 Nov - 2023
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ နယ်မြေရဲစခန်းကို စွန့်ခွာ ထွက်ပြေးရာမှာ စစ်ကြောင်းနဲ့အတူ မလိုက်နိုင်လို့ စွန့်ပစ်ခံရတဲ့ ရဲဒုတပ်ကြပ် တစ်ဦးကို ကာကွယ်ရေးတပ်-PDF တွေ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ နယ်မြေရဲစခန်းကို စွန့်ခွာ ထွက်ပြေးရာမှာ စစ်ကြောင်းနဲ့အတူ မလိုက်နိုင်လို့ စွန့်ပစ်ခံရတဲ့ ရဲဒုတပ်ကြပ် တစ်ဦးကို ကာကွယ်ရေးတပ်-PDF တွေ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့က နိုဝင်ဘာ ၂၇ ရက်၊ မနက် ၅ နာရီမှာ ကန်ရွာစခန်းကို ရောက်နေတဲ့ ခလရ (၃၀) စစ်ကြောင်းနဲ့အတူ ကန်ရွာစခန်းက လက်ကျန် စစ်ကောင်စီအဖွဲ့တွေ အားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးသွားတာလို့ သိရပါတယ်။

စခန်းကို စွန့်ခွာထွက်ပြေးစဉ် မြစ်သာမြစ် အနောက်ဘက်ကမ်း ရေတိမ်တဲ့ နေရာက ခြေလျင် ဖြတ်ကူးစဥ် ဖျားနာပြီး စစ်ကြောင်းနောက် မလိုက်နိုင်တဲ့ ရဲဒုတပ်ကြပ် သန်းဇော် ကို စစ်တပ်က တွဲမခေါ်ဘဲ သေနတ်ကို သိမ်းပြီး စွန့်ပစ်ထားခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်း ခဲ့ရတယ်လို့ ဂန့်ဂေါ ပအဖ က ပြောပါတယ်။

ကန်ရွာရဲစခန်းကို ဂန့်ဂေါခရိုင်တပ်ရင်းတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၇ လကျော်ကြာ ဝိုင်းဝန်း ပိတ်ဆို့ပြီး ဒရုန်းနဲ့ အကြိမ်ကြိမ် ဗုံးချကာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းကို ပိတ်ဆို့ထားစဉ် တိုက်ပွဲ ဖြစ်တာမရှိဘဲ နိုဝင်ဘာ ၄ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ကန်ရွာထဲကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ ဂန့်ဂေါ ပအဖ က ဆိုပါတယ်။

ပြီးခဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ကျောက်ဂူတောရက ရဟန်း ၂ ပါးနဲ့ အမျိုးသမီး ၁၃ ဦးကို လူသားဒိုင်းလုပ်ပြီး မြစ်သာမြစ်ကူး တံတား အတိုင်း ကန်ရွာအတွင်း ဝင်ရောက်ခဲ့တာကြောင့် ရဟန်းနဲ့ ပြည်သူတွေ ထိခိုက်မှာ စိုးရိမ်လို့ ထောင်ထားတဲ့ မိုင်းတွေ ဖောက်ခွဲကာ ကန်ရွာရဲစခန်းကို ပိတ်ဆို့ထားတဲ့ ကာကွယ်ရေးတပ်တွေ နောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ ကန်ရွာက ဆုတ်ခွာသွားတဲ့ စစ်ကြောင်းဟာ ကျောက်ဂူတောရမှာ ရောက်ရှိနေပြီး ကန်ရွာရဲစခန်းကိုတော့ ဂန့်ဂေါခရိုင် တပ်ရင်းတွေနဲ့ ပကဖ အဖွဲ့ဝင်တွေ ဝင်ရောက် ရှင်းလင်းနေတယ်လို့ ဂန့်ဂေါ ပအဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-009

#MeKongNews

#ဂန့်ဂေါမြို့နယ်

#ကန်ရွာရဲစခန်း

#ဒုတပ်ကြပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now