မဲခေါင်၊ အောက်တိုဘာ ၂၇
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်-MNDAA က ဒီကနေ့ ၀င်ရောက် တိုက်ခိုက်ရာ လက်ရှိ တစ်မြို့လုံးနီးပါးကို ထိန်းချုပ်နိုင်ပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ ဟုတ်တယ်။ သိမ်းလိုက်ပြီ။ ချင်းရွှေဟော်က လူတွေ တရုတ်ပြည်ထဲ ဝင်တဲ့ဂိတ်မှာ အကုန်လုံး ဝင်နေရတယ်။ အကုန် လက်နက်ကြီးတွေနဲ့ ပစ်နေတာတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ နယ်စပ်က သံတံတားဂိတ်မှာ အကုန်လုံး ပြိုကျ ပျက်စီးသွားခဲ့ပြီး အဲနေရာကို ကိုးကန့်တပ်က ထိန်းချုပ်ထားတယ်လို့ ၎င်းကဆိုပါတယ်။
လက်ရှိ ချင်းရွှေဟော်မြို့တွင်ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ကိုးကန့်တပ်က ၀င်ရောက်ရှင်းလင်း ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ဂိမ်းဆိုင်က ထွက်ပြေးလာတဲ့ ဒေသခံတချို့ သေနတ်ကျည် ထိမှန်ခဲ့ပြီး အခြေနေကိုတော့ မသိရသေးပါဘူးလို့ သူကဆိုပါတယ်။
CJ-010
#MeKongNews
#ချင်းရွှေဟော်မြို့
#MNDAA