စစ်ရေးသတင်း

ခမရ-၅၉၀ စခန်းသိမ်းပွဲ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မိသားစုဝင် မိခင်သေဆုံးပြီး လသားအရွယ်ကလေးငယ်ကို PDF ကယ်တင်

မဲခေါင် 9 Dec - 2023
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီ ခမရ ၅၉၀ တပ်ကို KNLA နဲ့ PDF ပူးပေါင်းသိမ်းပိုက်မှုမှာ စစ်တပ်ကလေကြာင်းက ပစ်ခဲ့တာကြောင့် တပ်မိသားစုဝင် မိခင်တစ်ဦးသေဆုံးပြီး လသားအရွယ် ကလေးငယ်ကို PDF တွေက ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီ ခမရ ၅၉၀ တပ်ကို KNLA နဲ့ PDF ပူးပေါင်းသိမ်းပိုက်မှုမှာ စစ်တပ်ကလေကြောင်းက ပစ်ခဲ့တာကြောင့် တပ်မိသားစုဝင် မိခင်တစ်ဦးသေဆုံးပြီး လသားအရွယ် ကလေးငယ်ကို PDF တွေက ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်လေကြောင်းက ပစ်လို့ သေဆုံးသွားတဲ့ မိခင်ဖြစ်သူဘေးမှာ လသားအရွယ်ကလေးငယ်ကို PDF တပ်ဖွဲ့ဝင်တွေက ကယ်တင်ပေးနေတဲ့ ရုပ်သံမှတ်တမ်းကို တောင်ပိုင်းတိုင်း၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်းက ဒီနေ့ ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ကိုယ့်ရဲဘော်တွေကိုလည်း မကာကွယ်နိုင်ဘူး၊ ရဲဘော်တွေရဲ့ မိသားစုကိုလည်း မကာကွယ်နိုင်ဘူး၊ ဒီခလေးငယ်ရဲ့ မိခင်ကတော့ ဆုံးပါးသွားရှာပြီ၊ ဒါကျနော်တို့ ကယ်လာတဲ့ ခလေးပါ” လို့ PDF စစ်ယူနီဖောင်းနဲ့ ကလေးငယ်ကယ်တင်နေတဲ့ တဲ့ရုပ်သံမှာ ပြောနေသံကိုလည်း ကြားပါတယ်။

မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခမရ-၅၉၀ နဲ့ ၅၉၉ တိုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ပြီးနောက် ဒုတပ်ရင်းမှူးအပါ စစ်ကောင်စီတပ်သား ၁၉ ယောက်လက်နက်ချအညံ့ခံခဲ့ပြီး တပ်မိသားစုဝင် ၄၂ ယောက်ကို စစ်သုံ့ပန်းတွေအဖြစ် ဖမ်းမိခဲ့ပါတယ်။

မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းနဲ့ ရဲစခန်းတွေကို တော်လှန်အဖွဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ချိန်မှာ စစ်ကောင်စီက မုန်းမြို့ပေါ်ရပ်ကွက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့နေပြည်သူအပါအဝင် အနီးနားကျေးရွာတွေက ပြည်သူ ၆ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

#MeKongNews

#မုန်းမြို့

#စစ်ကောင်စီ

#ဗုံးကြဲ

#ကလေးငယ်

#လသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now