မဲခေါင်၊ နို၀င်ဘာ ၉
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေးအရ အရေးပါတဲ့ ကွမ်းလုံမြို့ကို ဒီကနေ့ နေ့လယ်ပိုင်းက သိမ်းပိုက်လိုက်ပြီလို့ အမျိုသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။
“ကွမ်းလုံမြို့အား အပြီးသတ်အောင်မြင်စွာ သိမ်းပိုက်ပြီးဖြစ်ကြောင်းကို ကိုးကန့်တပ်မတော် (MNDAA) ထံမှ အတည်ပြု သတင်းရရှိသည်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ကွမ်းလုံဒေသဟာ စစ်ရေးအရ အရေးပါတဲ့အတွက် ကိုးကန့်ဒေသမှာ ကျန်ရှိနေတဲ့ လောက်ကိုင်မြို့ကို အထီးကျန် စေပြီး မကြာမီ သိမ်းပိုက်နိုင်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိတွင် ကောလင်းနဲ့ ခမ်းပတ်မြို့ကို သိမ်းပိုက်ပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားသလို ပင်လည်ဘူးမြို့ကို ထိန်းချုပ်ထားပြီလို့ စစ်ရေး သတင်းရင်းမြစ်တွေက အတည်ပြုပြီး ထီးချိုင့် အပါအဝင် မြို့တွေကို သိမ်းပိုက်ဖို့ ဆက်လက် တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။
#MekongNews
#ကိုးကန့်
#ကွမ်းလုံမြို့