စစ်ရေးသတင်း

ကြာအင်းဆိပ်ကြီးမြို့ တိုက်ပွဲ Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ၂ ဖက် ထိခိုက်ကျဆုံးမှုရှိ

မဲခေါင် 3 Nov - 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂ ရက်နေ့ KNLA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ၂ ဖက် ထိခိုက် ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂ ရက်နေ့ KNLA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ၂ ဖက် ထိခိုက် ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့ ဗျူဟာကုန်း ခမရ (၁၄၃) ကို Lion Battalion ကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနဲ့အတူ Saw Dragon Drone Force (SDDF) က တိုက်ခိုက်ခဲ့တာလို့ SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၂ ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိရာ အသေးစိတ် ဆက်ပြီးထုတ်ပြန်ပေးမယ်လို့ SDDF က ဆိုပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး သာမက Mi 35 ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ ကျေးရွာသားတွေ ထိခိုက် သေဆုံးမှု ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့တုန်းက တော်တော်ပစ်တယ်။ ရပ်ကွက် (၆) ဘက်မှာဆိုရင် ဗုံးထိတဲ့အိမ်တွေရှိတယ်။ ရွာခံတွေလည်း သေတဲ့လူရှိတယ်။ ညတုန်းက မှောင်တဲ့ချိန်ထိ ပစ်သေးတယ်” လို့ ကြာအင်းဆိပ်ကြီး ဒေသခံ အမျိုးသား တစ်ဦးက မနေ့က အခြေအနေကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ အနီး နေထိုင်တဲ့ ကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးကတော့ “အခုက မြို့ပေါ်မှာ ဖြစ်တာ ဆိုတော့ မြို့ပေါ်မှာ နေတဲ့လူလည်းနေ၊ ပြေးတဲ့လူလည်းပြေးပေါ့။ ဘုရားသုံးဆူဘက်ကလူလည်း ဒီဘက်ကို ပြေးပေါ့၊ ဟိုဘက်ကျတော့လည်း မုဒုံဘက် ပြေးလို့ရတဲ့လူ ပြေးပေါ့။ အလယ်က လူတချို့တော့ ပိတ်မိခဲ့တာ ရှိတာပေါ့” လို့ ဆိုပါတယ်။

မနေ့က မြို့ပေါ် တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိုင်ချနေတဲ့ ရဲစခန်း၊ ဇမိခန်းမ၊ လဝက ရုံးနဲ့ ထွေအုပ်ရုံးတွေကို စီးနင်းခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီ ခလရ (၃၂)၊ ခလရ (၂၈၃)၊ ခလရ (၂၈၄) တို့ အထိုင်ချ တပ်စွဲထားပြီး KNLA ပူးပေါင်းတပ်တွေက စစ်တပ် အထိုင်စခန်းတွေကို တိုက်ခိုက်လေ့ရှိသလို စစ်တပ်ဘက်က လက်နက်ကြီး အပါအဝင် လေကြောင်းသုံး တိုက်ခိုက်မှုတွေကြောင့် နေအိမ် ပျက်စီးမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ မြို့တွင်း တိုက်ပွဲ ပြန်လည် ငြိမ်သက်နေပြီး မြို့ခံတချို့ ထွက်ပြေး တိမ်းရှောင်နေသလို တချို့ကတော့ မြို့ထဲမှာ သတိနဲ့ နေထိုင် သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ် မှာရှိတဲ့ ခုတ်ခွားစခန်း၊ ကွီလုံတိုင်စခန်းတွေ အပါအဝင် ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီ အထိုင်ချရာ ဌာနဆိုင်ရာ ရုံးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

MK – 009

#MekongNews

#ကြာအင်းဆိပ်ကြီး

#Lion_Battalion

#စစ်‌ရေး_တင်းမာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now