စစ်ရေးသတင်း

ကျောက်မဲ မနက်ပိုင်း တိုက်ပွဲရပ်တန့်နေပြီး ညပိုင်းက တိုက်ပွဲတိုက်ခိုက်သံတွေကြားနေရ

မဲခေါင် 26 Jun - 2024
ရှမ်းမြောက်မှာ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ၁၀၂၇ စစ်ဆင်ရေးအဆက်(ဒေသအခေါ် ၀၆၂၅) တိုက်ပွဲတွေအတွင်း ကျောက်မဲမြို့ထဲမှာ ဒီမနက် တိုက်ပွဲသံတိတ်နေပေမယ့် ညပိုင်းမှာ လက်နက်ကြီးသံနဲ့ တိုက်ပွဲ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(ကျောက်မဲ ဇွန် ၂၆ ရက် မနက်ပိုင်း တိုက်ပွဲအခြေအနေ)

မဲခေါင်၊ ဇွန် ၂၆

ရှမ်းမြောက်မှာ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ၁၀၂၇ စစ်ဆင်ရေးအဆက်(ဒေသအခေါ် ၀၆၂၅) တိုက်ပွဲတွေအတွင်း ကျောက်မဲမြို့ထဲမှာ ဒီမနက် တိုက်ပွဲသံတိတ်နေပေမယ့် ညပိုင်းမှာ လက်နက်ကြီးသံနဲ့ တိုက်ပွဲ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မနေ့က တစ်နေ့လုံး လက်နက်ကြီး အချက်ရေ ၅၀ နီးပါး ပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ ဗုံး တစ်လုံး လာကြဲကာ မြို့တွင်းမြို့ပြင်ထိတွေ့တိုက်ပွဲတွေမှာ အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ဒီမနက် ၇:၃၀ အထိ တော့ အသံမကြားသေးပေမယ့် ညကတော့ လက်နက်ကြီးသံက မြို့ထဲမှာပစ်နေသလိုပဲ အသံအကျယ်ကြီးကြားလာရတယ်၊ တပ်က လက်နက်ကြီး ၂ လက်လောက်ပဲပစ်နေတာဖြစ်ပေမယ့် လုံးရေ များတယ်၊ ဒရုန်းသံတော့မကြားသေးဘူး၊ လက်နက်ကြီးက မှန်းပစ်ရမ်းပစ် လုပ်ပေမယ့် ဒရုန်းကျတော့ အောက်က မဲမဲမြင်ရာ ပစ်ချမှာမို့ အပြင်ကို မထွက်ရဲကြဘူး၊ ရိက္ခာနဲ့ရေ အသင့်အတင့်ရှိပေမယ့် ရက်ကြာရင်မလွယ်ဘူး၊ မန္တလေးဘက် ဆင်းဖို့ကလဲ လမ်းဖွင့်ပေးမှရမှာ” လို့ ကျောက်မဲရပ်ကွက်-၂ နေ သူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။

ကျောက်မဲမြို့နယ် ၊ နားအိုက်ခန့်က မွေးမြူရေးခြံလုပ်သား တစ်ဦးလည်း ကျောမှာ ဒဏ်ရာရလို့ နောင်ပိန်ပရဟိတက သွားရောက်ခေါ်ယူပြီးနောင်ပိန်ဆေးခန်းမှာ ပဲ ကုသနေရသလို နောင်ပိန်က ကားကြီးတွေ မန္တလေးဘက် ဆင်းတာ မှာ လမ်းအခြေအနေမကောင်းလို့ ပြန်လှည့်လာခဲ့ကြပေမယ့် အတက်တွဲကား တစ်စီးမှာ တော့ ၂ ဖက် တိုက်ပွဲကြားမှာ ပိတ်မိပြီး ကားသမား သေနတ်မှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၅ ရက် ညနေ ၅ နာရီကျော်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ကျောက်မဲမြို့နယ်၊ ငြိမ်းချမ်းရေးကုန်းက သီလရှင်ကျောင်းကြီး ပျက်စီးသွားခဲ့သော်လည်း လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။

အဆိုပါ သီလရှင်ကျောင်းမှာ သီလရှင်ကြီး ၃ ပါးနဲ့ သီလရှင် ၁၀၀ ကျော် သီတင်းသုံးနေတယ်လို့သိရပြီး လက်ရှိမှာ ဒုက္ခရောက်နေကြပြီး မြို့လူထုမှာလည်း ည ၉ နာရီ နီးပါးအထိ တိုက်ပွဲဖြစ်ပွားနေလို့ အပြင်မထွက်ကြဘူးလို့ သိရပါတယ်။

လက်ရှိမှာ ကျောက်မဲမြို့က လက်နက်ကြီးကျခဲ့တဲ့ ရပ်ကွက်-၇ နဲ့အချို့ ရပ်ကွက်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ သိရပြီးစစ်ဘေးကြိုတင်မရှောင်နိုင်ဘဲ ပိတ်မိနေတဲ့အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘက်ကို မဆင်းနိုင်ဘဲ ကျောက်မဲလေးနဲ့ နားပြိန်းကျေးရွာဘက်တွေကို ပြည်သူအချို့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“ သီပေါက ကျောက်မဲဘက်လည်းသွားလို့မရ၊ ကျင်သီဘက်လဲ သွားလို့မရ၊ လားရှိးဖက်လဲ ဆွတ်လန်းတံတား မနက်ကပဲပျက်စီးသွားတော့ ဘယ်မှ ထွက်လို့မရပဲ ပိတ်မိနေကြတယ်။

သီပေါမြို့ဘက်မှာတော့ ညနေ ၅နာရီခွဲကျော်မှာ သီပေါက လားရှိုးအထွက် တောင်ပေါ်မှာ TNLA က နေရာယူပြီး သီပေါတံတားကို လက်နက်ကြီးနဲ့ အချက်ရေ ၈ချက် ပစ်ခတ်ပြီး သီပေါတံတားအစောင့် စစ်တပ်နဲ့ အပြန်အလှန်ပစ်ခဲ့ကာ ခလရ-၂၃ အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၈ နာရီကျော်မှာ တိုက်ပွဲငြိမ်သက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တိမ်တောင်ဘက်ကို ပစ်ခတ်မှုမှာ အချို့ကျည်တွေက ပန်စောက်မိန်းနဲ့မြို့ဟောင်းရပ်ကွက်တွေဘက်ကို ကျရောက်ခဲ့ပြီး ဆီမရှိတော့တဲ့ ဓာတ်ဆီဆိုင်၊ ဝပ်ရှော့တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့သိရပါတယ်။

နောင်ချိုမှာတော့ ယမန်နေ့မှာတော့ ဆေးရုံ၊ မီးသတ်၊ မိုးဇလ နဲ့စစ်မှုထမ်းဟောင်းရုံး၊ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ယနေ့မနက် ၅ နာရီကစပြီး နောင်ချိုကို မန္တလေးကအဝင်က ခမရ-၁၁၄၊ ၁၁၅ နဲ့ ဂုတ်ထိပ်တံတားအဝင် နောင်ချို၊ ရပ်စောက်လမ်း ပေါ်က အမှတ် ၆၀၆ ဒုံးတပ်ဘက်က မြို့ထဲကို လက်နက်ကြီးနဲ့စစ်ကောင်စီက ပစ်ခတ်နေပြီး တော်လှန်ရေးတပ်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မနေ့ကစတဲ့ လက်ရှိ ၁၀၂၇ စစ်ဆင်ရေး(အဆက်)၀၆၂၅ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို TNLA နဲ့ PDF တပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်နေပြီး မန္တလေးတိုင်းက မိုးကုတ်နဲ့ပြင်ဦးလွင်ဘက်မှာလည်း တိုက်ခိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုင်းတုံမှာ အမျိုးသား တစ်ဦး သတ်သေ

ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ လင်မယားစကားများပြီး ကြိုးဆွဲချ အမျိုးသား တစ်ဦး သတ်သေခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း

လဲချားမြို့နယ်အတွင်း ရှမ်းတပ်နှစ်ဖွဲ့ အချင်းချင်း ပြန်လည်ပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်စိန်းကျေးရွာအနီးမှာ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ တိုက်ပွဲစဖြစ်၊ အပြန်အလှန်လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးသေ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇူလိုင်လ ၂ရက် ည ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် - MNDAA တို့ စတင်တိုက်ပွဲဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မြစ်ကြီးနားမြို့မှာ ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်သေးဘူးလို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့ (ဇူလိုင် ၂) မနက်ပိုင်းကစပြီး ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရမယ့် အခြေအနေ မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို

ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now