မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့ကျောက်မဲမြို့နယ်ကြားမှာရှိတဲ့ ကျင်သီတံတားကို MNDAA နဲ့ TNLA တို့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျင်သီတံတားနားက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့မှာ တံတားအထိပါ တက်ရောက်သိမ်းပိုက်ခဲ့ကာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် ဖွက်ထားတဲ့ လက်နက်တွေကို နန့်စလပ်နေရာမှာ သိမ်းမိတယ်လို့ သိရပါတယ်။
အဲ့ဒီ့တံတားနားက စစ်ကောင်စီရဲစခန်းကို TNLA က နိုဝင်ဘာ ၁၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ လာရောက်တပ်စွဲထားတာကို MNDAA နဲ့ TNLA က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ကိုးကန့်နယ်မြေအတွင်းက စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီး ဆက်လက်တိုက်ခိုက်မယ်လို့လည်း ကြေညာထားပါတယ်။
#MeKongNews
#စစ်ကောင်စီ
#မြောက်ပိုင်း
#ကျင်သီ
#သိမ်းပိုက်
#ကိုးကန့်