စစ်ရေးသတင်း

ကော့ကရိတ်မြို့က စစ်ကောင်စီ တပ်စွဲထားတဲ့ရုံးတွေကို KNLA ဒီကနေ့ ၀င်ရောက်တိုက်ခိုက်၊ တိုက်ပွဲ ပြင်းထန်နေ

မဲခေါင် 27 Oct - 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေ ၀င်ရောက် တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီး ကျည်ကြောင့် ဒေသခံ တချို့ ထိခိုက်ဒဏ်ရာ ရထားတယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေ ၀င်ရောက် တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီး ကျည်ကြောင့် ဒေသခံ တချို့ ထိခိုက်ဒဏ်ရာ ရထားတယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၇ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တံတားဦး၊ တောင်ကြာအင်းနဲ့ ရုံးနေရာတွေမှာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည် ပစ်ခတ်နေတာပါ။

“အခြေအနေက မကောင်းဘူးရော။ လက်ရှိအချိန်ထိ လက်နက်ကြီးလည်းထု၊ မြို့ခံတချို့ ဒဏ်ရာ ရနေကြတာ ရှိတယ်။ အိမ်တွေလည်း ထိခိုက်မှု ရှိနေတယ်” လို့ ကော့ကရိတ် ဒေသခံ တစ်ဦးက ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်း တိုက်ပွဲ အတွင်း ခလရ (၉၇) အနောက်ဘက်မှာရှိတဲ့ စစ်ကေင်စီ လက်အောက်ခံ ရဲရုံးနဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံးတို့ မီးရှို့ တိုက်ခိုက်ခံရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြို့တွင်းမှာ လူနဲ့ အဆောက်အအုံ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပေမယ့် တိုက်ပွဲ အခြေအနေတွေကြောင့် စာရင်း အတိအကျ မရရှိသေးပါဘူး။

လက်ရှိ ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင် ပတ်လည်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်နေပြီး ကော့ကရိတ်မြို့တွင်းက ထွက်ချင်တဲ့ မြို့ခံတချို့လည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်း စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ၃ လုံး အံဖကြီးကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၅ လုံးထိမှန်ကာ ၃ လုံး ပျက်စီးမှုများပြီး ၂ လုံးကတော့ အနည်းငယ် ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က တပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

MK–009

#MekongNews

#ကော့ကရိတ်မြို့

#KNLA

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now