စစ်ရေးသတင်း

ကောလင်းမြို့မှာ စစ်တပ် အလံဖြူထောင် လက်နက်ချ၊ တော်လှန်ရေးတပ်တွေ မြို့ကိုသိမ်းပိုက်

မဲခေါင် 6 Nov - 2023
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ မြို့မရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက မနေ့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ မြို့မရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက မနေ့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ KIA၊ AA နဲ့ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့မရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး ညပိုင်းမှာတော့ စစ်တပ်က အလံဖြူထောင် လက်နက်ချလို့ ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

“ညနေ ၆ နာရီမှာ ရဲစခန်းရတယ်။ ည ၁ နာရီကျတော့ ထွေအုပ်ကိုရတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ချိန်မှာ စစ်တပ်နဲ့ မိသားစုဝင်တွေ အလံဖြူထောင်ပြီး လက်နက်ချ ထွက်ပြေးလို့ မိသားစု၀င်တွေကိုတော့ လွှတ်ပေးလိုက်တယ်လို့ သူကဆိုပါတယ်။

“အင်တာနက်လိုင်း မရဘူးဗျ။ ဖုန်းတောင် တီဗီအင်တန်နာတိုင် ထောင်ပြီး ဆက်ရတာ” လို့ သတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ မနက် ၁ နာရီ နောက်ပိုင်းစပြီး ကောလင်း PDF နဲ့ တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းကာ ကောလင်းမြို့သိမ်း တိုက်ပွဲကို စတင်ခဲ့ရာ ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ မြို့ပေါ်ရပ်ကွက်တွေထဲက ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို နေရာရွှေ့ပြောင်းထားရပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားတာကြောင့် အများစုက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆက်လက် နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။

ကောလင်းမြို့ပေါ်က တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က အများအပြား သေဆုံးပြီး လက်နက် အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပေမယ့် အတိအကျကိုတော့ မဲခေါင်သတင်းဌာနက ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရက်တွေအတွင်း ကောလင်းမြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ အခြား ဆက်သွယ်နိုင်တဲ့ အရာတွေကို ဖြတ်တောက်ထားတယ်လို့လည်း KR အဖွဲ့က ဆိုထားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေနဲ့ ကောလင်းမြို့ပေါ် လူနေရပ်ကွက်တွေကို အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တစ်နေ့တည်းမှာ ၇ ကြိမ်ထိ ဗုံးကြဲ ခဲ့ပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ အိမ်မီးလောင်မှုတွေရှိခဲ့ရာ မြို့တွင်း အခြေအနေ အသေးစိတ်ကိုတော့ မေးမြန်းနေဆဲ ဖြစ်ပါတယ်။

MK-009

#MekongNews

#ကောလင်းမြို့

#တော်လှန်ရေးတပ်

#ရဲစခန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now