စစ်ရေးသတင်း

ကိုးကန့်ဒေသက စစ်တပ်စခန်း ၄ ခုကို MNDAA ထပ်သိမ်း၊ စစ်တပ်စခန်းပေါင်း ၁၃၀ ခန့် သိမ်းပိုက်ထား

မဲခေါင် 10 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စစ်တပ်စခန်း ၄ ခုကို မနေ့က ထပ်မံ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ခန့် သိမ်းပိုက်ထားနိုင်ပြီလို့ MNDAA ပြန်ကြားရေးက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စစ်တပ်စခန်း ၄ ခုကို မနေ့က ထပ်မံ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ခန့် သိမ်းပိုက်ထားနိုင်ပြီလို့ MNDAA ပြန်ကြားရေးက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

‘၁၀၂၇ စစ်ဆင်ရေး’ ၁၄ ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ ၉ ရက်မှာ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေဟာ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နမ်ကော်ရွာမှာ ဖုန်းရွှေရှမ်နေရာကြား၊ ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရှီယွင်ကြည်ရွာအနီး၊ ဟဲ့ဟုတ်တောင် စခန်းတွေကို ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ထိုးစစ်ဆင် တိုက်ပွဲအတွင်း ရှောက်ပယ်အိုင် စစ်တပ်စခန်း၊ ဟဲ့ဟုတ်တောင်အနီးက စစ်ကောင်စီ ခံစစ်တောင်ကုန်း တစ်ခု၊ ဗျူဟာကုန်းနဲ့ အရံတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA ကပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေတဲ့ကြားက အဆိုပါ တပ်စခန်းတွေကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးနေစဥ်အတွင်း ဟွာရှိပန်ဘက်က တက်လာတဲ့ စစ်ကား ၂ စီးကို လမ်းမှာ ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် ရုပ်သေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MNDAA အနေနဲ့ ကွမ်းလုံတံတား၊ တာပါး(သံလွင်)တံတား၊ တာပါးတု လှေဆိပ်ကမ်းတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ တာကြောင့် ကိုးကန့်နဲ့ မုံးကိုးခရိုင်၊ မိုင်းကျက်ဒေသကို တိုက်ရိုက် ဆက်သွယ် သွားလာနိုင်ပြီလို့ ဆိုပါတယ်။

လက်ရှိ စစ်ရေးအရ ကွမ်းလုံမြို့ကို ညီ‌နောင်မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ပြီ ဖြစ်တာကြောင့် မြို့ကြီးဖြစ်တဲ့ လောက်ကိုင်မြို့ကို မကြာမီ သိမ်းပိုက်နိုင်‌တော့မယ်လို့ ရှမ်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရှမ်းမြောက်ဒေသ နည်းတူ စစ်ကိုင်းတိုင်း အတွင်းက ကောလင်း၊ ခမ်းပတ်၊ ပင်လည်ဘူး မြို့တွေကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ဖြစ်သလို ထီးချိုင့် အပါအ၀င် တခြားမြို့တွေကို သိမ်းပိုက်ဖို့ ဆက်လက် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

MK-007

#MekongNews

#ကိုးကန့်_ခရိုင်

#ဗျူဟာကုန်း

#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now